11.9.13

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား မက်ဆီအား ဘာစီလိုနာ ပရိသတ် အချို့အသင်းမှ ထွက်ခွာသွားစေလိုနေ

ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တစ်ဦး ဖြစ်သည့် လီယွန်နယ်လ် မက်ဆီသည် ဘာစီလိုနာ၏ ငယ်မွေးခြံ ပေါက် တစ်ဦး အနေဖြင့် ဂုဏ်ယူလောက် စရာ ခြေစွမ်း ပြသနေသည့်တိုင် ဘာစီ လိုနာ ပရိသတ် အားလုံး၏ အားပေး ထောက်ခံမှုကို ရရှိနေသူ မဟုတ်ဘဲ ၂ ရာခိုင်နှုန်း မျှသော ပရိသတ်များက ၄င်းအား အသင်းမှ ထွက်ခွာ သွားစေ လိုနေကြောင်း စစ်တမ်း တစ်ရပ်က ဖော် ပြထားသည်။


ဘာစီလိုနာ အသင်း၏ အမာခံ ပရိသတ် များထံ သဘောထား ကောက် ယူသော စစ်တမ်း တစ်ခုကို ထုတ်ဖော် ကြေညာခဲ့ရာ ဘာစီလိုနာ ပရိသတ်များ အနက် ၂ ရာခိုင်နှုန်း က လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား တိုက်စစ်မှူး ကို နူးကမ့် တွင် ရှိမနေစေလိုကြောင်း သဘောထား ပေးခဲ့ကြသည်ဟု သိရသည်။

၂ ရာခိုင်နှုန်း ဆိုသည်မှာ အလွန် နည်းပါးသော ပမာဏ ဖြစ်သည့်တိုင် ၂ဝဝဝ ပြည့်နှစ် ကတည်းက ဘာစီလို နာသို့ ရောက်ရှိနေပြီး အသက် ၁၃ နှစ် အရွယ် ကတည်းက အသင်းတွင် ကစားခဲ့သလို အောင်မြင်မှု အလီလီ ရယူကာ အသင်းကို ဂုဏ်တက်စေခဲ့သည့် မက်ဆီ အပေါ် ပရိသတ် အချို့က မလိုလား ဆိုသည်မှာ အထူး အဆန်း ဖြစ်နေသည် ဟု အသင်း ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ဆိုသည်။

မက်ဆီသည် ဘာစီလိုနာနှင့် အတူ လာလီဂါဆုဖလား ၆ ကြိမ်၊ ချန်ပီယံ လိဂ်ဖလား ၃ ကြိမ်နှင့် စပိန် ဘုရင့်ဖ လား၊ ဥရောပ စူပါဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလား တို့ကို ၂ ကြိမ်စီ ရယူထားပြီး လာလီဂါ ပြိုင်ပွဲ ၂၄၈ ပွဲ တွင် ဂိုးပေါင်း ၂၂ဝ သွင်းယူထားသည်။

”ကလပ်ရဲ့ အမာခံ ပရိသတ်တွေကို သီးသန့် ဆန္ဒမဲ ကောက်ခံမှု ပြုလုပ်ခဲ့တာ ပါ။ အံ့သြစရာပါပဲ။ ၂ ရာခိုင်နှုန်းက မက်ဆီကို မကြိုက်ကြဘူးတဲ့။ ကျွန် တော်ကတော့ အဲဒီ လူတွေနဲ့ တွေ့ပြီး ဘာကြောင့် မက်ဆီကို မကြိုက်တာလဲ ဆိုတာ မေးကြည့်ချင်တယ်” ဟု ရိုဆဲလ် က ဆိုသည်။

၎င်းက မက်ဆီ အနေဖြင့် အသင်း က အသစ်ဝယ်ယူထားသည့် နေမာနှင့် တစ်စထက် တစ်စ အတွဲအဖက် မိလာ မည်ဟု ယုံကြည်ကြောင်းလည်း ပြော ကြားခဲ့သည်။

”မက်ဆီနဲ့ နေမာတို့ဟာ နှစ်ယောက်တွဲ ကစားရင်း အသင်းက ပို အောင်မြင်လာပါလိမ့်တယ်။ ပြီးတော့ အဝတ်လဲခန်း မှာလည်း သူတို့နှစ်ယောက် သား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာ ကျေ နပ်စရာပါပဲ”ဟု ရိုဆဲလ် က မှတ်ချက်ပြု သွားသည်။

KYL
Ref:Dailymail
Popular Myanmar News Journal

0 comments:

Post a Comment