11.9.13

Wrecking Ball တွင် ဆိုင်းရက်စ်ကိုယ်လုံးတီးဖြစ်ရသည့် အကြောင်းရင်း

Wrecking Ball သီချင်းကို Youtube ပေါ်တင်လိုက်တာ စက်တင်ဘာလ ၉ ရက်နေ့ လေးတင်ပါ။ သို့ပေမယ့် ယနေ့ စက်တင်ဘာ ၁၂ မြန်မာစံတော်ချိန် ၆:၄၅ မှာ ကြည့်ရှုသူ ၅.၈ သန်းကျော်သွားပါပြီ။ ယင်း controversial video ကို အချို့  နိုင်ငံမှာဆိုရင် ပိတ်တောင်ပိတ်ပင်ထားပါတယ်။


Youtube မှာ လူကြည့်အများဆုံး MTV တစ်ခု စာရင်းဝင်လာအုံးမှာ ဖြစ် ပါတယ်။ Wrecking Ball သီချင်း လူကြည့်များရ ခြင်းက သီချင်းကောင်းတာ တစ်ခုတည်းတင်မဟုတ်တော့ပဲ အဝတ်အစားမပါတဲ့ MTV ဇာတ်ခန်း တစ်ချို့ ကြောင့်လည်း ဖြစ်ပါတယ်။ ဒီအတွက် သူ့ကို မေးမြန်းချက်ကို Miley Cyrus တစ်ယောက် ယခုလို ပြန်လည် ဖြေကြား ထားပါတယ်။

" ကျမ နံရံဖြိုတဲ့ တူကို နမ်းတယ်။ အဲဒါ နာကျင်မှုပေမယ့် အဲ့အချစ်ကို လိုချင် တပ်မက်နေဆဲဆိုတဲ့ အဓိပ္ပါယ်ကို ပြတယ်။ အချစ်ကြောင့် မိန်းကလေး တစ်ယောက် နာကျင်ခံစားရမှုက အပေါ်ယံ အရေပြားမှာ မြင်ရကောင်းမှ မြင် ရလိမ့်မယ်။ သို့ပေမယ့် အတွင်းက နာကျင်မှုကို ဘယ်သူမှ မသိဘူး။ ဒါကြောင့် အဝတ်မပါပဲ နာကျင်နေတဲ့ မိန်းကလေးတစ်ယောက်ကို မြင် သာ အောင် ဖော်ပြတယ်။ အနှစ်ချုပ်အားဖြင့် Wrecking Ball ဟာ အချစ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အင်မတန် ထိခိုက်သွားတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို ဖော်ပြချင်တာပါ။ MTV မှာ ကျမမှာ အဝတ်မပါဘူး။ ဟုတ်တယ် ကျမ ဝမ်းနည်းကြေကွဲနေလို့ပဲ"


MTV Link - http://youtu.be/My2FRPA3Gf8

Ref: dymail
Aung Kham (International news for myanmar)

0 comments:

Post a Comment