8.9.13

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မှ နိုင်ငံတိုးတက်မှာလား

အဖွဲ့ ဝင် ၇ ဦး ပါဝင်သော ……
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို …..
နိုင်ငံရေးပါတီကြီးတစ်ခုက….
ဖွဲ့ စည်းလိုက်ပြီဟု သိရပါသည်…..

အပတ်စဉ် စနေနေ့ မနက် ၁၀ နာရီတွင်…
တိုင်းရင်းသားပါတီများက ကိုယ်စားလှယ်နှစ်ဦးစီနှင့် တွေ့ ဆုံပြီး …..


ဥပဒေကို ပြင်ဆင်မှာလား …..
အသစ်ပဲ ပြန်ဆွဲသွားမလား ဆိုတာကိုလည်း…..
ညှိနိုင်းသွားမည်ဟု သိရပါသည်……

ကောင်းပါသည်…..
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေသည် ….
လူထုဆန္ဒမပါပဲ ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း….
ပြင်စရာ ဆင်စရာ အများအပြား ပါရှိနေသော ဥပဒေဖြစ်ကြောင်း….
လုံးဝ အငြင်းပွားစရာ မရှိပါ……..
အငြင်းပွားရမည့်အချက်က …
ဘယ်ဥပဒေများကို ပြင်ဆင်ဖို့ ရည်ရွယ်သလဲ ….
ဘယ်အချိန်မှာ ပြင်ကြမလဲ …..
အသစ်ပဲ ပြန်ဆွဲကြ မှာလား ဆိုတာတွေပဲ ….
ဖြစ်ပါလိမ့်မည်…..

ဒါပေမယ့် ….
ကျွန်တော် လုံးဝ နားမလည်သော….
အချက်တစ်ချက်ရှိပါသည်……
ဥာဏ်မမီတာလည်း ဖြစ်နိုင်ပါသည်….
အခုလက်ရှိ စပ်ကူးမတ်ကူး ကာလမှာ …..
ဥပဒေကို မပြင်သေးပဲ …
ဒီအတိုင်း တိုင်းပြည်ကို တိုးတက်အောင် …..
လုပ်လို့ မရနိုင်ဘူးလားဆိုသော…..
မေးခွန်းဖြစ်ပါသည်….

တိုင်းပြည်တစ်ခု၏ အကူးအပြောင်း ကာလသည်…..
မည်မျှ အန္တာရယ်များပြီး ….
မည်မျှ အတိမ်းအစောင်းမခံခြင်းကို….
လက်ရှိ သက်သေပြနေသော …..
နိုင်ငံများ အများအပြား ရှိပါသည်…

အထူးသဖြင့် ကျွန်တော်တို့ လောက်….
လူမျိုးစုများသော…..
လက်နက်ကိုင် များသော .....
တိုင်းပြည်တစ်ခုသည်…..
သေနတ်သံ တစ်ချက်မကြားရပဲ….
ဒီမိုကရေစီ ဆီသို့ …..
ညင်ညင်သာသာ ကူးပြောင်းနေပြီဆိုသော အဖြစ်အပျက်သည်…..
ကမ္ဘာ့ သမိုင်းတွင် .....
အံ့ သြဘနန်း မှတ်တမ်းတင်ရမည့် .....
အဖြစ်အပျက် တစ်ခု ဖြစ်ပါသည်…..။

ကျွန်တော်တို့ တစ်ခုသတိမမေ့ဖို့ ကတော့ ….
ယခု ဒီမိုကရေစီ အရွေ့ သည် …..
တပ်မတော် ကိုယ်တိုင်က ….
လိုလိုလားလား ခွင့်ပြုခဲ့ သည့် အရွေ့ ဖြစ်ပါသည်…..

ထိုသို့ ခွင့်ပြုနိုင်ရန်အတွက်……
ခွင့်ပြုပြီးချိန်တွင် ……
တပ်မတော်ကို အားအင် ချိနဲ့ အောင် .....
ထိန်းချုပ်မည့် …....ဖြိုခွဲမည့် .......
ဥပဒေများ မပေါ်ထွက်လာနိုင်အောင်…..
အာမခံချက် ပေးသည့်သဘောအနေဖြင့် ….
လွှတ်တော် အသီးသီးတွင် …..
တပ်မတော်သား အမတ် ၂၅ ရာခိုင်နူန်းအား…
ထည့်သွင်းထားသည်ကို ….
လက်ခံခဲ့ ရပါသည်…..

ဒီအမတ်များ ဘယ်အချိန် ပြန်ထွက်သွားမည်ကို …..
အတိအကျ ခန့် မှန်း တွက်ချက်လို့ မရသော်လည်း ….
တစ်ချိန်တွင် စစ်တန်းလျားပြန်မည်ဖြစ်ကြောင်း …..
တပ်မတော် မှ လူသိရှင်ကြား ထုတ်ပြောမှုများ….
အတော်အတန် ရှိခဲ့ ပါသည်….

ဖြစ်ဖို့ များတာကတော့ …..
တိုင်းရင်းသားလက်နက်ကိုင်များနှင့် …..
အရပ်သား အစိုးရတို့ …..
အားလုံး ကျေလည်အောင် ဆွေးနွေးအပြီး …..
တိုင်းရင်းသား လက်နက်ကိုင်တပ်များအားလုံးအား……
တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် …..
ထားရှိပြီးချိန်ဟု ယူဆရပါသည်….

အခြေခံဥပဒေ ပြင်ဆင်ရေး ….
သို့ မဟုတ် အသစ်ရေးဆွဲရေးကို …..
ဦးစီးပြု လုပ်နေသည့် ပုဂ္ဂိုလ်အများစုမှာ……
ကျွန်တော့်ထက် အဆပေါင်းများစွာ …..
အတွေ့ အကြုံ ရော အသိဥာဏ်ပါ…..
သာလွန်သူများ ဖြစ်ကြပါလိမ့်မည်……

ကျွန်တော်တို့ အနေဖြင့် …..
တပ်မတော်၏ စိုးရိမ်ပူပန်မှုများကို အာမခံချက်မပေးနိုင်ပဲနှင့်....
တပ်မတော်ကို လွှတ်တော်တွင်းမှ ဖယ်ထုတ်ရန်ကြိုးစားခြင်းသည်
သူ့ ဖာသာ ကျေကျေနပ်နပ် အေးအေးဆေးဆေး နေနေသည့် ကျားကို…..
သွားပြီး ပြသနာရှာခြင်းနှင့် တူနေကြောင်းကို….
ကော်မတီဝင်ကြီးများ အားလုံး ….
အလေးအနက် သဘောပေါက်ပြီးဖြစ်မည်ဟု ယုံကြည်ပါသည်….

အထူးဂရုပြုရန်အချက်မှာ……
သမ္မတ သည် လည်းကောင်း……..
လွှတ်တော် ဥက္ကဌ သည် လည်းကောင်း…..
တပ်မတော်အပေါ် အတော်အတန် သြဇာညောင်းသူများ ဖြစ်ပါသည်…..
သို့ ရာတွင် …..
သူတို့ သည် တပ်မတော် ၏ လက်ရှိခေါင်းဆောင်များ မဟုတ်တော့ပါ…..
သူတို့ နှင့် သဘောတူညီမှု ရယူပြီးရုံဖြင့်…..
တပ်မတော် ၏ အနာဂတ် …..
တပ်မတော် ၏ သေရေးရှင်ရေး နှင့် သက်ဆိုင်သောကိစ္စ အားလုံးကို ……
ဆောင်ရွက်လို့ ရမည်ဟု မထင်ပါ…..

နိုင်ငံရေး ဟူသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါသည်…..
ကျွန်တော်တို့ အနေဖြင့်….
နုနယ်ပျိုမြစ်ပြီး စနစ်တကျ လေ့ကျင့်ထားသော……
လူငယ်လူရွယ် လေးသိန်းကျော် ပါဝင်သည့် …..
အဖွဲ့ အစည်းကြီးတစ်ခု၏ စွမ်းအားကို …..
တိုင်းပြည်အတွက် …..
မလွဲမသွေ အသုံးချသင့်ပါသည်……
အသုံးမကျသောသူ ဟူ၍ မရှိပါ ….
အသုံးမချ တတ်သော သူသာ ရှိပါသည်….

တစ်ခုတော့ အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်….
ခင်ဗျားတို့ လုပ်နေသော ကိစ္စသည် …..
သန်း ၆၀ ၏ ကံကြမ္မာကို ....
အပြောင်းအလဲ ဖြစ်သွားစေနိုင်သဖြင့်….
သတိနှင့် ဆင်ဆင်ခြင်ခြင် ပြုလုပ်ပေးရန်ဖြစ်ပါသည်….

ကျွန်တော်တို့ အာရပ်နွေဦးကို မလိုချင်ပါ….
ခေါင်းလောင်းသံ ဆည်းလည်းသံလေးများနှင့်….
မြန်မာ့နွေဦး စစ်စစ်ကိုသာ လိုချင်မိပါသည်…..။

ရဲမိုး

0 comments:

Post a Comment