8.9.13

ရင်ခုံဖွယ် စောင့်စားရမယ့် Nexus 5

ရင်ခုံတယ်သာ ပြောတာ။ လက်ရှိ မြန်မာပြည်ဈေးကွက်မှာတော့ Nexus user တွေ နည်းနေပါသေးတယ်။ သူက အမေရိကန်နဲ့ ဥရောပ မှာ အောင်မြင် နေတဲ့ စမတ်ဖနုး Brand တစ်ခု ဖြစ်ပါတယ်။


Google က စမတ်ဖုန်း ဟာ့ဒ်ဝဲကုမ္မဏီများနဲ့ ပါတနာလုပ်ပြီး Nexus ဖုန်းကို နှစ်စဉ်အကျိုးတူ ထုတ်လုပ်ပါတယ်။ ပါတနာ အနေနဲ့ LG, HTC, Samsung နဲ့ Asus ကို လက်တွဲထားပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ထုတ်တဲ့ Nexus ဖုန်းက ပူးတွဲတဲ့ ကုမ္မဏီမတူပါဘူး။ ယခင် Nexus 4 တုန်းက LG နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ။် ယခု ထွက်ရှိတဲ့ သတင်းအရလည်း LG နဲ့ပဲ ဆက်လက် လက်တွဲဖို့ Nexus 5 စမတ်ဖုန်းကို ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါကလည်း သေချာတဲ့ သတင်းမဟုတ်ပါဘူး။ အများစု ပြောနေကြခြင်း ဖြစ် ပါတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလက Nexus 4 ထွက်တယ်ဆိုတော့ တစ်နှစ်ပြည့်တော့မှာမို့ Nexus 5 ကို မြင် တွေ့ရတော့မှာ အမှန်ပါပဲ။ Nexus 4 တုန်းကလည်း Quad core နဲ့ RAM 2 GB ကို အသုံးပြုနေပါပြီ။ 1.55 GHz လည်နှုန်းရှိသည့်မို့ Performance အပိုင်းမှာ Samsung Galaxy S3, iPhone 5 တို့နဲ့ ယှဉ်ခဲ့ရတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

ယခု ၂၀၁၃ မှာ ထွက်ရှိစေမယ့် nexus က ဘယ်လိုဖြစ်မလဲဆိုတကိုပါ အားလုံး စိတ်ဝင်စားနေကြပါပြီ။ မျက်နှာပြင်အားဖြင့် အရွယ်အစား ၅.၂ လက်မ ရှိနိုင်ပြီး အရည်အသွေးက 1080p display ဖြစ်မယ်လို့ ယုံကြည် နေကြ ပါတယ်။ အခြား Specification များကလည်း လက်ရှိ ကမ္ဘာ့ အကောင်းဆုံးစမတ်ဖုန်းများလို့ဆိုတဲ့ Samsung Galaxy S4, Note 3, HTC One တို့နဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။

Nexus 5 ကို ၂၀၁၃ အောက်တိုဘာ နောင်းပိုင်းမှာ မြင်တွေ့နိုင်ချေရှိကြောင်း သိရပါတယ။်
.
Ref: poocketlint
အောင်ခမ်း (MM Social Sky)

0 comments:

Post a Comment