17.9.13

ဗမာ၎ယောက် london fashion week fashionမှာအစွမ်းပြခဲ့

အင်္ဂလန်ရောက်မြန်မာလူငယ်ဓါတ်ပုံပညာရှင်(၄)ယောက်ကို
london fashion weekကဖိတ်ကြားလို့  fashion ပွဲမှာဓါတ်ပုံပညာ
အစွမ်းပြခဲ့ကြရကြောင်းကို“ကျွန်တော့် ညာဘက် က နေ စရင်
ကိုလင်းထွန်း (photographer ) ပြီးတော့ကျွန်တော်၊ပြီးတော့
ကိုသားလတ် (photogarpher )နဲ့ ကို စိုးထက်အောင် (photo-
grapher ) တို့ ပါ။ကိုလင်းထွန်းက ဒီနိုင်ငံ(အင်္ဂလန်)မှာနာမည်ကြီး
မော်ဒယ်တွေကို magazine တွေ fashion show တွေ မှာ ဒိုင်ခံ
ရိုက်ပေးနေတဲ့ နာမည်ကြီး photographerတစ်ယောက်ပါ။
မနေ့ က(စက်တင်ဘာ၁၅ရက်နေ့ )က လုပ်တဲ့
london fashion week ဆိုတာ ခု winter မရောက်ခင် fashion
အတွက် promotion လုပ်တဲ့ အနေနဲ့  friday ကနေ sunday
ထိ london နေ ရာအနှံ့ မှာ designer တွေက သူတို့ ရဲ design
တွေကို promote လုပ်တဲ့အနေနဲ့  catwalk show တွေလုပ်တာပါ။”
လို့ လန်ဒန်ရောက်မြန်မာရုပ်ရှင်ပညာရှင်လူငယ်တစ်ဦးဖြစ်တဲ့
ကိုရဲခန့် ကသူတို့ ပါဝင်အားဖြည့်ပေးခဲ့ကြရတဲ့london fashion week SS14
ပွဲကိုပါဝင်ဆင်နွှဲခဲ့ဖြစ်ပုံကိုရှင်းပြပါတယ်။
“london fashion week ဆိုတာ worldwide နာမည်ကြီး event
တစ်ခုဖြစ်ပြီး အီတလီ၊ကိုးရီးယား ၊ဂျပန် ပြင်သစ် အမေရိကန် စတဲ့
နိုင်ငံတွေက designer တွေ ပါ လာ ပြီး ဆင်နွဲကြတာပါ။
မနေ့ ကပွဲမှာ ကိုလင်းထွန်းက lead phtographer အနေ နဲ့ 
ဖိတ်ကြားခြင်းခံရပြီး သားလတ်နဲ့ စိုးသက်ထွန်းတို့ က လည်း
event photographer အဖြစ် ၀င်ရိုက်ပေးကြပါတယ်၊ကျွန်တော်
က လည်း ဗီဒီယို မှတ်တမ်းတင်ဖို့  ဖိတ်ကြားခြင်းခံခဲ့ရပါတယ်”
လို့ လည်းဗီဒီယို မှတ်တမ်းတင်ဖို့  ဖိတ်ကြားခြင်းကိုကြည်နူးစွာ
ရှင်းပြသလို“ဒီပွဲကို ဗီဒီယိုမှတ်တမ်းတင်ဖို့  အတွက် ကမ္ဘာ ကျော်
fashiontv ကလည်းလာရောက်ရိုက်ကူးခဲ့တယ်။ကျွန်တော်တို့ 
ရိုက်ကူးခဲ့တဲ့ပုံတွေဗီဒီယိုတွေကို ကျွန်တော့်  facebook page
ပေါ်မှာ ရော သားလတ် ကိုလင်းထွန်းတို့ page တွေပေါ်မှာ
တင်ပေးသွားမယ်”လို့ လည်းသူရဲ့ အနုပညာအတွက်ပေါ်ပြူလာ
ပရိသတ်နဲ့အတူမြန်မာပြည်ကမိတ်ဆွေတွေကြည့်ရူကျေနပ်နိုင်
ဖို့ မျှဝေလိုကြောင်းဆိုပါတယ်။
ကိုရဲခန့် ဟာမြန်မာ့ရုပ်ရှင်လောကမှာအထူးထင်ရှား
ခဲ့သူနာမည်ကျော်ဒါရိုက်တာကြီး“ဘတ်ကလာတဲ့ငံပြာရည်”ရဲ့ 
မြေးဖြစ်ပါတယ်။အေးလင်းနိုင်၊အောင်လင်းနိုင်ဆိုတဲ့လူငယ်
တည်းဖြတ်ပညာရှင်အမွှာညီအစ်ကိုအဖြစ်ရန်ကုန်မြို့ ကမြန်မာ့
ရုပ်ရှင်ဗီဒီယိုနယ်မှာထင်ရှားခဲ့ကြဖူးသူတွေဖြစ်သလိုအောင်လင်းနိုင်
ကဂျပန်မှာရောက်ရှိနေပြီးတက်တဲ့ပညာမနေသာဆိုစကားကဲ့သို့ 
မြန်မာဗီဒီယိုဇာတ်ကားတစ်ကားရိုက်ကူနေစဉ်၊အေးလင်းနိုင်တစ်
ဖြစ်လဲကိုရဲခန့် ကလည်းလန်ဒန်ရောက်မြန်မာအနုပညာရှင်တွေကို
သူတက်ကျွမ်းတဲ့ရုပ်သေ၊ရုပ်ရှင်ဓါတ်ပုံပညာနဲ့ ကူညီပေးလေ့ရှိသလို
အခုလည်းlondon fashion weekမှာပါဝင်ဆင်နွှဲဖြစ်နေခြင်ပါပဲ။

Popular Journal

0 comments:

Post a Comment