17.9.13

စိတ်ကူးထဲမှ ချစ်သူ ပုံရိပ်မှာ MBLAQ အဆို အဖွဲ့မှ လီဂျွန် ဖြစ်ကြောင်း လီဒါဟေးဆို

အမျိုးသား ပရိသတ်များ အသည်းစွဲ တောင်ကိုရီးယား မင်းသမီးချော လီဒါဟေး We Got Married ဇာတ်ကားတွင် သရုပ်ဆောင် ရမည် ဆိုပါကMBLAQ အဆိုအဖွဲ့မှ လီဂျွန်နှင့်အတူ သရုပ်ဆောင် လိုကြောင်း MBC ရုပ်သံက ပြုလုပ်ခဲ့သော Section TV အစီအစဉ်တွင် ဖြေကြား ခဲ့သည်။


အဆိုပါ အစီအစဉ်၌ တွေ့ဆုံ မေးမြန်းသူက လီဒါဟေးအား စိတ်ကူးထဲမှ ချစ်သူ ပုံရိပ်ကို မေးမြန်း သောအခါ သူမ၏ မိခင်ဖြစ်သူသည် SHINee အဆို အဖွဲ့မှ အပြုံးချိုချိုဖြင့် ဖမ်းစား တတ်သော အဆိုတော် မင်ဟိုကို ကြိုက်နှစ်သက်သော်လည်း သူမအနေဖြင့် MBLAQ အဖွဲ့မှ အဆိုတော် လီဂျွန်ကိုသာ စိတ်ကူးယဉ် မိကြောင်း လီဒါဟေးက ဖြေကြားခဲ့သည်။

ထို့ပြင် လီဂျွန်၏ သီချင်းများနှင့် သရုပ်ဆောင်မှုများကို အမြဲကြည့်ရှု နားထောင်တတ်ပြီး သူမသည် လီဂျွန်၏ အမာခံ ပရိသတ်ဖြစ်ကြောင်း လီဒါဟေးက ထပ်လောင်း ပြောကြားခဲ့ သည် ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment