25.10.13

ရေကူးအားကစားနည်းနဲ့ ကျန်းမာရေး

၁။ ရေကူးအားကစားနည်းဟာ အဆစ်အမြစ်နာကျင်တာတွေအတွက်
အင်မတန်သင့်လျော်တဲ့ အားကစားနည်းတခုဖြစ်ပါတယ်။ ဒူးနာ၊ ခါးနာ အစရှိတဲ့ရောဂါတွေအတွက် ရေကူးဟာ အသင့်တော်ဆုံး ကုထုံးဖြစ်ပါတယ်။

၂။ သင့်ရဲ့ ကြွက်သားတွေသန်မာမှုကို ပေးစွမ်းနိုင်ပါတယ်။

၃။ ပျော့ပျောင်းမှုကိုလဲ ရရှိစေမှာဖြစ်ပါတယ်။

၎။ သင့်ရဲ့ နှလုံးဟာ ပိုမိုပီး ကျန်းမာလာပါလိမ့်မယ်။

၅။ ရေကူးခြင်းဟာ ကယ်လိုရီများစွာကို လောင်ကျွမ်းစေတဲ့အတွက် ခန္ဒာကိုယ်ကို ထိန်းသိမ်းပီးဖြစ်ပါလိမ့်မယ်။

၆။ ခန္ဒာကိုယ်အတွင်းက အဆီတွေကိုလဲ အချိုးအစားမှန်အောင် ထိန်းပေးပါတယ်။

၇။ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၈။ ဖိအားတွေကို လျှော့ချနိုင်သလို ဦးနှောက်ကိုလဲ အစွမ်းထက်စေပါလိမ့်မယ်။

၉။ ရေပုံမှန်ကူးသူတွေဟာ အသက်ပိုရှည်ဖို့ အခွင့်အလမ်းများပါတယ်။

0 comments:

Post a Comment