25.10.13

ဗားကရာ ကျောင်းတော်ကြီး ( အင်းဝ)

မြန်မာ သက္ကရာဇ် ၁၁၉၆ ခုနှစ် ဘကြီးတော်မင်း လက်ထက်တွင် ဆောက်လုပ် လှူဒါန်းခဲ့သည့် သစ်သား ကျောင်းတော်ကြီးဖြစ်ပြီး ကျွန်းတိုင်ပေါင်း ၂၆၇ လုံး ရှိသည်။


အကြီးဆုံးကျွန်းတိုင်၏ လုံးပါတ်သည် ၉ ပေ ရှိပြီး အမြင့် ပေ ၆၀ ရှိသည်။ အကျယ် အ၀န်းအားဖြင့် အလျား ၁၈၈ ပေ ၊ အနံ ၁၀၃ ပေ ရှိသည်။

ယခုအခါ ရှားပါးသွားပြီ ဖြစ်သော ရှေးဟောင်း မြန်မာ ဗိသုကာ နှင့် ပန်းပုလက်ရာ အနုပညာ အမွေ အနှစ် များကို တွေ့မြင်နိုင်သည်။

ဘကြီးတော်မင်း၏ မိဘုရားခေါင်ကြီးဖြစ်သော နန်းမတော် မယ်နု ဆောက်လုပ်လှူဒါန်းခဲ့သော မဟာအောင်မြေဘုံစံကျောင်း (မယ်နုအုတ်ကျောင်း)ထက် ၁၀ နှစ်ကျော် နောက်ကျ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့အလှတရား ဓါတ်ပုံဝါသနာရှင်များ . . .

0 comments:

Post a Comment