18.10.13

ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံ မြို့ကြီးအချို့မှာ ဗုံးကွဲခဲ့မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး ရရှိမှု အခြေအနေ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လွတ်တော် အဆောက်အအုံမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

ရှင်းလင်းပွဲမှာ ရဲချုပ် ဇော်မင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ စီးပွါးရေးသမားတွေက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေ ၀င်ရောက်တာကို နှောင့်ယှက်လိုတဲ့ သဘောနဲ့ လုပ်တာလို့ ပြောသွားပါတယ်။မန္တလေး ချမ်းမြသာစည်နဲ့ ရန်ကုန် ၀ပ်စတန်းမှာ သိမ်းဆည်းရမိတဲ့ ဗုံးတွေကို ပြသထားပြီး ဗုံးပါက်မှူကွဲတွေနဲ့ ပတ်သက်ပြီး လူ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ ပြည်သူတွ စိုးရိမ်ထိတ်လန့်မှု မရှိကြဖို့လည်း ရဲချုပ် ဇော်မင်းက ပြောပါတယ်။ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့ ပြောသွားပါတယ်။

DVB

0 comments:

Post a Comment