18.10.13

သရဲဇာတ်ကားတွေရဲ့ အရည်အသွေးနှင့်ဆင်ဆာလွတ်လပ်ခွင့်

သရဲတစ္ဆေဇာတ်ကားတွေကို အရင်ရုပ်ရှင်ဇာတ်ကားအဖြူ
အမည်း ခေတ်ကတည်းက မြန်မာ့ရုပ်ရှင်
ကြည့်ပရိသတ်တွေက ဘုရားသမိုင်း၊ သိုက်သမိုင်းတွေမှာ နှစ်ခြိုက် အားပေး ကြည့်ရှုခဲ့ကြပါတယ်။ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရရှိမှု နည်းနေတဲ့ကာလအတွင်းမှာတောင် သရဲဇာတ် ကားတွေကို ထုတ်လုပ်ရေးတွေအနေနဲ့ ပရိသတ်တွေ အတွက် အကောင်း ဆုံးဖြစ်အောင်ရိုက်ကူးခဲ့ကြပါတယ်။ယခုအချိန်မှာတော့ ဆင်ဆာလွတ် လပ်ခွင့်တွေရသင့်သလောက် ရရှိလာတဲ့အချိန်မှာ သရဲဇာတ်ကားတွေကို
ထုတ်လုပ်ရေးတွေကလည်း အရင်ထက် ပိုမိုရိုက်ကူးလာခဲ့ကြပြီး ဇာတ်ကားအရေအသွေးတိုးတက်မြင့်မားအောင်လည်း ကြိုးစားရိုက်ကူး နေကြ ကြောင်း သိရပါတယ်။ ထို့ကြောင့် သရဲဇာတ်ကားတွေ ကို အရိုက်များခဲ့တဲ့ ထုတ်လုပ်ရေးတွေရဲ့သရဲဇာတ်ကားတွေရိုက်ကူးမှု အကြောင်းကို မေးမြန်း ဖော်ပြလိုက်ရပါတယ်။

ဦးမြင့်ဦး(နန်းခေါင်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေး)

“သရဲကားတွေ ရိုက်ဖြစ် ခဲ့တာတော့တော်တော်ကြာပါ ပြီ။ ဆင်ဆာ မရခင်ကတည်းက သရဲကားတွေကို ရိုက်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော် ရိုက်ခဲ့ ချင်တာကတော့ေ သချာ ကောင်းကောင်းလေးရိုက်ချင်ခဲ့ တယ်။သရဲကားဆိုရင် သေချာ ရိုက်ချင်ပေမယ့် အဲဒီတုန်းက သရဲကား ရိုက်တယ်။ ရိုက်ပြီး ရင် ဖြေတာတွေပြန်ပြီးထည့်ရ တယ်။ ဘယ်လောက်ပဲကြောက် လာ အောင်ရိုက်ရိုက်နောက်ဆုံး တော့ အိပ်မက်လိုလို၊ ပုံပြင်လို လိုဖြစ်သွားရတယ်။ ပေါ့သွားတာ ပေါ့။ညဘက်ကို ရိုက်တော့ပိုပြီး ကြောက်ေ အာင်လည်းလုပ်လို့၊ ဖန်တီးလို့ ပိုကောင်းတယ်။ ဆင်ဆာတွေလျော့ပါးလာတဲ့ အချိန်မှာသရဲကားကိုခံစားမှု ပေးနိုင်အောင်၊ သရဲ ရုပ်ကိုလည်းပီပီ ပြင်ပြင်လုပ်ဖို့ တော့ လို တယ်။ ဆင်ဆာလျှော့ပေါ့ လာတဲ့အချိန်မှာ အရင်ကထက် တောင်ပိုပြီးကောင်းအောင် ရိုက်လာနိုင်ရမှာကို ခုကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ ပြီးပြီးရောရိုက်ကြတယ်။ ပရိ သတ်ကို ညာလို့မရတော့ဘူး။ အဲဒီအခါကျတော့ ကြည့်မယ့် ပရိသတ်ကလျော့လာကြတယ်။ ဟိုအရင်တုန်းကဆိုသရဲကား ဆိုသိပ်ကြည့်ချင်ကြတာ။ အရင်ခေတ်တုန်း ကဆိုရင်၊ ဆင် ဆာလျှော့ပေါ့မှုတွေ မရှိတုန်းကဆိုရင် ဦးတို့ရိုက်ခဲ့ရတဲ့ပုံစံက အိပ်မက်ဆန်ဆန်၊ ဒဏ္ဍာရီဆန် ဆန်ရိုက်ခဲ့ရတယ်။သရဲကို အစွယ်တတ်ဖို့တောင် တော် တော်လေးခက်ခဲတယ်။ အဲဒီတုန်းကဆိုရင် များသော အားဖြင့်အဝတ်အမည်း အ ရှည်ခြုံလိုက်မယ်။ဆံပင်အ ရှည်တွေ အဲဒီလိုမျိုးတွေလုပ် လိုက်ရင် ဒါသရဲဖြစ်သွားပြီ။ ဒါမျိုးလောက်ပဲလုပ်ခဲ့ရတာ။ ဒီဘက်ကျတော့ အဲဒီလိုမဟုတ် တော့ဘူး။ သရဲရုပ်ပေါ်လာ အောင် လုပ်တဲ့မျက်နှာအတု လုပ်တဲ့သူတွေလည်းပေါ်လာ ပြီ။သရဲဆိုလည်းမျက်နှာ က အစ၊လက်သည်းကိုလည်း ပြု ပြင်ခွင့်၊ ဆံပင်ကအစ၊ မျက်လုံး တွေကအစ လုပ်ခွင့်ရလာကြ တယ်။အခုဆိုရင် အန်နီ မေးရှင်းတွေပါလာပြီ။ မျက်နှာ ကိုလည်းမိတ်ကပ် ပညာနဲ့ လုပ်ကြတဲ့ရိုက်ချက်တွေလုပ် ကြတယ်။ ကျွန်တော်ဆိုရင် သရဲကားတွေကို ရိုက်ခဲ့တာ ၁ဝနှစ်ကျော်လောက်ရှိပါပြီ”

ဦးသန်းအောင်(ရွိုင်ရယ်မန္တလေး ဗီဒီယိုထုတ်လုပ်ရေး)

“သရဲကားတွေကို လွန်ခဲ့ တဲ့ နှစ်နှစ်ကျော်ကျော်လောက် က စပြီး ရိုက် ခဲ့တယ်။ ဆင်ဆာ လည်း ပေးအောင်၊ သရဲကား လေးလည်း ဖြစ်အောင်ဆိုတော့ အကြမ်းဖျင်းတော့ သရဲအတု လေးတွေ လုပ်ရတယ်။ သရဲ တော့ သရဲပဲ ရိုက်လိုက်တယ်။ နောက်ဆုံးကျတော့ အဖြေ သဘောမျိုး ပြန်လုပ်ရတယ်။ ဒါက သရဲမဟုတ်ပါဘူးပေါ့။ သရဲပုံသဏ္ဌာန် မျိုးကိုရွာသူ ရွာ သားတွေက ထင်တာ၊ မြင်တာပုံစံမျိုးလေးလှည့်ပြီးတော့ ရိုက် ခဲ့ရတယ်။အဲဒီတုန်းကလည်း ကွန်ပျူတာနဲ့လုပ်တာမျိုးတွေ မရှိသေးဘူးလေ။ လူကိုပဲ ဆံပင် အရှည်တွေနဲ့ မျက်ကွင်းတွေညို၊ အစွယ်တွေလုပ်ထင်ယောင် ထင်မှားနဲ့ ဖြစ်အောင် ရုပ်နဲ့ပဲ သွားတာ။ ကျွန်တော်ဒီနောက် ပိုင်းတော့သရဲကားတော့ မရိုက် ဖြစ်တော့ဘူး။ ရိုက်ပြီးသား ကားတွေပဲဖြန့်တော့တယ်။ တ ချို့တွေ ကလည်း ပြောကြတယ်။ သရဲကားက ခေတ်ကုန်သွား ပြီလို့ပြောကြတယ်။ ဒါမဟုတ် ပါဘူး။ ဒီလိုသရဲကားဇာတ် လမ်းတွေ ကတော့ကျွန်တော်တို့ ရုပ်ရှင်၊ ဗီဒီယိုတွေရှိနေသမျှရှိနေမှာပဲ။ ခုထိလည်း သရဲ ကားဆိုတာကတော့ သူ့လိုင်း နဲ့သူတော့ရှိပါတယ်။ ကျွန်တော် သရဲကားတွေရိုက် တာ ခန့်မှန်း ခြေ၁၅ကားလောက်တော့ ရှိ ပါတယ်”

သိမ့်သိမ့်

Popular Journal

0 comments:

Post a Comment