14.11.13

ကမ္ဘာ့ဖလား ၀င်ခွင့်ရရေး ရှုံးထွက်အဆင့်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည့် စီရိုနယ် ဒို နှင့် အီဗရာဟီ မိုဗစ်

မနက်ဖြန် နိုဝင်ဘာလ (၁၅)ရက်နေ့မှာ နိုင်ငံတကာ
ပွဲစဉ်များအဖြစ် ဘရာဇီးတွင် လက်ခံကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို သွားရောက်ခွင့်အတွက်ဥရောပဇုန် ခြေစစ်ပွဲ ရှုံးထွက် ပွဲစဉ်တွေ စကန်ရတော့မည်
 ဖြစ်ပါသည်။ နိုဝင်ဘာလ (၁၅) ရက်နေ့တွင်
အိုက်စလန် နှင့် ခရိုအေးရှား၊ ဂရိ နှင့် ရိုမေးနီးယား၊ ပေါ်တူဂီ နှင့် ဆွိဒင်၊ ယူကရိန်း နှင့် ပြင်သစ် စတဲ့ ဥရောပအသင်းကြီးများ ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို ယှဉ်ပြိုင်ကစားရတော့မှာပါ။ အထူးသဖြင့် ပေါ်တူဂီ နှင့် ဆွိဒင်၊ ယူကရိန်း နှင့် ပြင်သစ် စသည့် ပွဲစဉ်ကို ပရိတ်သတ်တွေ အများအပြား စိတ်ဝင်စားလျှက်ရှိကြပါသည်။

"ကမ္ဘာ့ဖလား ၀င်ခွင့်ရရေး စီရော်နယ်ဒို ထက်ပိုပြီး ဆန္ဒအလိုဆန္ဒရှိကြောင်း" PSG နှင့် ဆွီဒင်အသင်း၏ အားအထားရဆုံး တိုက်စစ်မှုး အီဗရာဟီမိုဗစ်က စီရော်နယ်ဒိုအတွက် မက်ဆေ့တစ်စောင်ကို ပို့ခဲ့သေးပါသည်။ စီရော်နယ်ဒိုကို ငြင်းဆိုဖွယ်မရှိတဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် အနေနဲ့ လေးစားမိကြောင်းကိုလည်း ပြောခဲ့ပါသည်။ ကျွန်တော့် အနေဖြင့် ခုပွဲစဉ်နဲ့ နောက် အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ပေါ်တူဂီနဲ့ ပွဲစဉ်တိုင်းကို ရလဒ်ကောင်းအောင် ကြိုးစားပြီး ကမ္ဘာ့ဖလား၏ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၀င်ရောက်နိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်းကို သူက ထပ်လောင်းပြောကြားခဲ့ပါသည်။

ပေါ်တူဂီ နှင့် ဆွီဒင်အသင်းတို့၏ နောက်ဆုံး နိုင်ငံပွဲ (၅) ပွဲ အသီးသီးကစားခဲ့မှု ရလဒ်အရ ပေါ်တူဂီက ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါသည်။ ဆွီဒင်ကတော့ ၄ ပွဲနိုင် နှင့် ဂျာမနီကိုပဲ တစ်ပွဲရှုံးခဲ့ခြင်းပါ။ ထိုနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုများမှာလည်း ဆွီဒင်က အသာစီးရယူထားနိုင်မှုကိုတွေ့ရှိရပါသည်။ ဒါ့ကြောင့် အိမ်ရှင် ပေါ်တူဂီအသင်းအနေနဲ့ ခြေမှန်နေတဲ့ ဆွီဒင်အသင်းကို ပေါ့ဆလို့မရသလို၊ ခြေစစ်ပွဲ အောင်မြင်ရေးအမိအိမ်ကွင်းမှာ ရေကုန်ရေခန်း ကစားရဖွယ် ရှိနေပါသည်။

လက်ရှိ သူတို့ (၂)ဦးသည် ကလပ်အသီးသီးမှာ အကောင်းဆုံး အစွမ်းပြနေကြသည့် သူများဖြစ်တာကြောင့် သူတို့နှစ်သင်း တွေ့ဆုံမည့် ပွဲစဉ်အပေါ် ပရိတ်သတ်များ အထူးအားပေးကြည့်ရှု့ မည့် ပွဲကောင်းတစ်ပွဲဟု မြင်မိပါသည်။ အထူးသဖြင့် သူတို့အသင်းများ၏ ရလဒ်သည် သူတို့ (၂) ဦးအပေါ်မှာ မှုတည်နေသည်လို့လည်း အများက သုံးသပ်ထားပါသည်။ သေချာတာက နှစ်သင်းစလုံးအတွက် အမှားခံလို့ မရတဲ့ ပွဲဖြစ်တာနဲ့အညီ ပေါ်တူဂီ၏ ရှုံးထွက်ရလဒ်တွေမှာ ကောင်းတက်တဲ့ အစဉ်အလာအတိုင်းအနိုင်ရသွားနိုင်သလို၊ ဆွိဒင်တိုက်စစ်ကို မထိန်းချုပ်နိုင်ရင်လည်း အရှုံးဘက်ကို ဦးတည်စေနိုင်ပါသည်။ သရေအနေအထားဖြစ်သွားလေ မလားမည်သည့်အသင်းကတော့ ပထမအကျော့မှာ အရှုံးပေါ်လေမလဲဆိုတာကို မနက်ဖြန်ညတွင်စောင့်ကြည့် အားပေးရတော့မည် ဖြစ်ပါသည်။

Football Café

0 comments:

Post a Comment