14.11.13

မြန်မာကို ပုံစံကျသည့် နိုင်ငံအဖြစ် လာမည့်နှစ်အနည်းငယ် အတွင်း ဆောင်ရွက်မည် ဟု ၀န်ကြီး ဦးစိုးသိန်းပြော

မြန်မာနိုင်ငံကို လာမည့် တစ်နှစ် နှစ်နှစ်အတွင်း စီးပွားရေး ၊ လူမူရေး ၊ နိုင်ငံရေး ပုံစံတကျ
ဖြစ်သည့် နိုင်ငံ ဖြစ်လာစေရန် ဆောင်ရွက်သွား မည်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယနေ့ နံနက်တွင် ကျင်းပသည့် အီးယူ မြန်မာလုပ်ငန်း အစည်းအဝေး ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအား ယင်းသို့ ပြုပြင်ပြောင်းလဲ နိုင်ရေးအတွက် ခြေလှမ်းမှန်မှန် ဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပြီး ယခုထက် ပိုမိုလျင်မြန်စွာ တိုးတက်လာသည် ကိုလည်း အချိန်ပေးစောင့်ကြည့်စေလိုကြောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံဟာ အရင်က အတွေးဟောင်း ၊ အမြင်ဟောင်းတွေကို ပြောင်း လဲပစ်နေပါတယ် ။" ဟု ၀န်ကြီးက ပြောသည်။

ယင်းအတွက် ဥရောပ သမဂ္ဂ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးစေ လိုပြီး လိုအပ်သည့် အကြံဥာဏ်များ ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းမှုများ ပြုလုပ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

အီးယူ - မြန်မာ လုပ်ငန်း အစည်းအဝေး EU - Myanmar Task Force Forumသည် ပထမဆုံးအကြိမ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရန်ကုန် နှင့် နေ ပြည်တော်တို့တွင် နိုဝင်ဘာ ၁၃ မှ ၁၅ ရက်နေ့အထိ ကျင်းပ သွားမည် ဖြစ်သည်။

ထို့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်မည့် တွေ့ဆုံပွဲ တွင်မှု အီးယူ - မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ နှစ်ဖက်အကြီးအကဲများ စီးပွားရေး လုပ်ငန်းဆိုင်ရာ သဘောတူညီမှု MOU များ ရေးထိုးကြရန် လည်း ရှိကြောင်း သတင်းရရှိသည်။

သုတလင်း
Popular Myanmar News Journal

0 comments:

Post a Comment