14.11.13

မာလာလာကို Glamourက တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီးဆုဖြင့် ဂုဏ်ပြု

Glamourသည် တစ်နှစ်တာ အထူးချွန်ဆုံး အထင်ပေါ်ဆုံး အမျိုးသမီး (၁၃)ဦးကို ရွေးချယ် ဂုဏ်ပြုခဲ့ရာ အသက်(၁၆)နှစ်အရွယ် မာလာလာလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။
မာလာလာကို Glamourက တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီးဆုဖြင့် ဂုဏ်ပြုပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားသူ ဆယ်ကျော်သက် မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ကို Glamour မဂ္ဂဇင်းက တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီးအဖြစ် ဆုချီးမြှင့် ဂုဏ်ပြုခဲ့သည်။ Glamourသည် တစ်နှစ်တာ အထူးချွန်ဆုံး အထင်ပေါ်ဆုံး အမျိုးသမီး (၁၃)ဦးကို ရွေးချယ် ဂုဏ်ပြုခဲ့ရာ အသက်(၁၆)နှစ်အရွယ် မာလာလာလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ သူမသည် ပါကစ္စတန်တွင် မိန်းကလေးများ ပညာသင်ခွင့်ရရေး နှိုးဆော် တိုက်တွန်းမှုများကြောင့် တာလီဘန်တို့၏ ပစ်မှတ်ထား လုပ်ကြံမှုနှင့်ပင် ကြုံခဲ့ရသည်။ အသက်(၁၅)နှစ် အရွယ်တွင် ဦးခေါင်းကို သေနတ်ဖြင့် အပစ်ခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သည့် မာလာလာသည် ဆေးဝါးကုသမှုများ ခံယူပြီးနောက် ဗြိတိန်တွင် နေထိုင်လျှက် ရှိသည်။

နယူးယော့ခ်တွင် Glamour၏ ဂုဏ်ပြုဆုကို အခမ်းအနားနှင့် လက်ခံရယူပြီးနောက် မာလာလာက "ဒီဆုဟာ ကျွန်မ တစ်ယောက်တည်း အတွက်တင် မကဘဲ ပညာသင်ကြားခွင့်အတွက် ထုတ်ဖော် တောင်းဆိုတဲ့ မိန်းကလေး အားလုံးအတွက် ဖြစ်စေပါမယ်"ဟု ပြောဆိုသွားသည်။ ထိုပွဲတွင် ဆုရသူ တစ်ဦးဖြစ်ခဲ့သလို မဂ္ဂဇင်း၏ ဒီဇင်ဘာလထုတ် မျက်နှာဖုံးရှင် Popအဆိုတော် လေဒီဂါဂါကလည်း "ဒီဆုရှင် အားလုံး မျက်နှာဖုံးရှင် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်မအမြင်ကတော့ ကျွန်မထက်စာရင် မာလာလာကို နေရာပေးသင့်ပါတယ်"ဟု ချီးကျူးညွှန်းဆိုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment