14.11.13

တရားမ၀င် မြန်မာနိုင်ငံသား ၂ ဦးထံမှ ရာဘေဆးပြား အလုံး ၄ သိန်း ဖမ်းမိ

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်
မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်လာ
တဲ့ မြန်မာနိုင်ငံသား ၂ ဦးဆီက ရာဘမူးယစ်ဆေး အလုံးရေ ၄ သိန်း ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
ထိုင်း မူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ ကြိုတင်သတင်းရထားချက်အရ မယ်ဆိုင်မြို့ ပါယန်းရပ်ကွက် အိမ်အမှတ် ၈၅ / ၆ ကို နိုဝင်ဘာ ၁၂ ရက်နေ့က ၀င်ရောက်စစ်ဆေးရာမှာ ကျောပိုးအိတ် အနက်ရောင် ၂ လုံးထဲ ထည့်ထားတဲ့ ရာဘေဆးပြားတွေ ဖမ်းဆီးရမိကြောင်း၊ အိတ် ၁ လုံးစီမှာ အထုပ်ပေါင်း ၁၀၀၊ ၁ ထုပ်ကို ရာဘေဆးပြား ၂ ထောင်စီပါရှိကြောင်း အမှတ် ၅ တိုင်းဒေသ ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ချမ်းနန်းလွတ်လျိုးက နိုဝင်ဘာ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အဲဒီအခန်းကို ငှားရမ်းနေထိုင်သူ စိုင်းဆိုင် ရွက်ခမ်း ၃၀ နှစ်ကို မေးမြန်းရာမှာ မယ်ဆိုင်မြို့ ဆန်ဆိုင်းမိုင်ရပ်ကွက်က စိုင်းဆာမ်ဆိုသူက လာအပ်ထားကြောင်း ပြောဆိုခဲ့ပြီး ရဲတွေက စိုင်းဆိုင် ၃၂ နှစ်ကို ဆက်လက်စစ်ဆေးခဲ့ကြောင်း၊ အဲဒီ ပစ္စည်းတွေကို တာချီလိတ်မြို့နေ ဆုရီဆိုသူထံက သယ်ခဲ့ကြောင်း၊ အထုတ်သယ်ပိုးခ ဘတ် ၃ သိန်းနဲ့ မယ်ဆိုင်ချောင်းကိုကူးပြီး သယ်ခဲ့တာလို့ ၀န်ခံခဲ့ကြောင်း ဒုရဲမှူးကြီးက ဆက်ပြောပါတယ်။

အဆိုပါ လူရွယ် ၂ ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့ ဘာအေထာက်အထားမှ မရှိတဲ့အတွက် တရားမ၀င် ၀င်ရောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုတွေနဲ့ ဆက်လက် အေရးယူသွားမယ်လို့ ဒုရဲမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ထိုင်းသတင်းက ရေးသား ဖော်ပြသွားပါတယ်။

DVB TV News

0 comments:

Post a Comment