14.11.13

အမျိုးသမီး ၄ ဦး လွတ်မြောက်ရေး

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူတို့ကို လွှတ်ပေးဖို့ အစိုးရကို ပြောနေကြပါပြီ။


လွှတ်ပေးဖို့ ဆိုတဲ့ထဲမှာ အမျိုးသမီး ၄ ဦးလည်း ပါဝင်ပါတယ်။

သူတို့ကတော့နော်အုံးလှ၊ ဒေါ်ဘောက်ဂျာ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်တို့ပါပဲ။

ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်
ဇွန်လ လယ်သမားဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေပါ။
သူတို့အဖမ်းခံရစဉ်က ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။
www.irrawaddy.org/burma/social-network-activists-arrested-for-supporting-farmers-in-pegu-division.html မှာ ဖတ်နိုင်ပါတယ်။

နော်အုံးလှ
လက်ပန်တောင်းဒေသအရေး ဆန္ဒပြတဲ့သူ့ကို အစိုးရက ထောင် ၂ နှစ် ချလိုက်တဲ့အကြောင်း http://www.irrawaddy.org/burma/activist-naw-ohn-hla-jailed-2-years-for-letpadaung-protest.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဘောက်ဂျာ
အာဏာပိုင်တို့က သူ့ကို ဇူလိုင်လမှာ ဖမ်းပါတယ်။

NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃ ခုဖြင့် တရားစွဲ http://burma.irrawaddy.org/၀_rule-of-law/2013/07/19/44735.html ဆိုတဲ့ သတင်းမှာ သူ့အမှုအကြောင်းကို တော်တော်လေး အသေးစိတ် ဖော်ပြထားပါတယ်။

သူတို့ကို ဖမ်းတာ အစိုးရအတွက် နာမည် သိပ်ပျက်မယ် မထင်ပါဘူး။ ဘာကြောင့်လဲလို့ ဆိုတော့ သူတို့ထဲက အများစုဟာ ၁၉၈၈ နောက်ပိုင်းမှာ အကြိမ်ကြိမ် အထိန်းသိမ်းခံခဲ့ရဖူးလို့ပါပဲ။

သူတို့ကို လွှတ်ပေးမယ် ဆိုရင်တော့ အစိုးရက နာမည်ကောင်း ရပါလိမ့်မယ်။
ဘာကြောင့်လဲ ဆိုတော့ ... နှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လွှတ်ပေးမယ် ပြောထားပြီးသားမဟုတ်လား။
ကတိတည်သားပဲ ဆိုပြီး ချီးကျူးကြပါလိမ့်မယ်။

လွှတ်ပေးဖို့ ဆိုတာကလည်း အစိုးရက သူတို့ကို နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထည့်မှဖြစ်မှာပါ။ အခု သူတို့ ဘယ်စာရင်းထဲ ရောက်နေလဲ မသိရပါဘူး။

သူတို့အကြောင်း မီဒီယာတွေမှာ မတွေ့ရတာတော့ တော်တော်ကြာပြီလို့ ထင်ပါတယ်။


ဧရာဝတီ

0 comments:

Post a Comment