7.12.13

အကယ်ဒမီဆုကိုတော့ ရမယ်ဆိုရင် လိုချင်ပါတယ် လို့ဆိုတဲ့ ချောရတနာ

၂၀၁၂ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ၂၉ ရက်နေ့ သုဝဏ္ဏ အားကစားရုံတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၂၀၁၂ခုနှစ် အတွင်းရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားတွေထဲက ‘ဥ’ ရုပ်ရှင် ဇာတ်ကားနဲ့ ချောရတနာကို ရုပ်ရှင်ချစ်ပရိသတ်တွေက အကယ်ဒမီဆု ရရှိမယ် လို့မျှော်မှန်းထားကြတာနဲ့ ပတ်သက်လို့
သူ့ရဲ့အကယ်ဒမီရင်ခုန်သံလေးကိုမေးမြန်း ဖြစ်တဲ့အခါ ‘ချောကို ပရိသတ်တွေက အကယ်ဒမီဆုကြီးရရှိဖို့မျှော်လင့် ပေးကြတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအရမ်းတင်ပါတယ်။ အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ချောရဲ့ဘက်က ဘာမှပြင်ဆင် ထားတာမျိုး မရှိသေးပါဘူး။ ကိုယ်ဝန်နဲ့ဆိုတော့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ပဲထားပါတယ်။ အဲဒီ ဇာတ်ကားရိုက်ခဲ့တုန်းကလည်း ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့တာပါ။ အကယ်ဒမီဆိုပြီး မှန်းပြီးရိုက်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အကယ်ဒမီဆုကိုတော့ ရမယ်ဆိုရင် တော့လိုချင်ပါတယ်။ အကယ်ဒမီဆုရသည် ဖြစ်စေ၊ ဆုမရသည်ဖြစ်စေ ပရိသတ် မျှော်မှန်းပေးကြတဲ့ ဆုကို ရင်သွေးလေးနဲ့အတူနားထောင်သွားမှာပါ။ ရရှိခဲ့မယ်ဆိုရင်တော့ ချောအတွက် ၂၀၁၃ ခုနှစ်ဟာ အမှတ်တရတွေ၊ အပျော်တွေနဲ့ မေ့နိုင်မှာမဟုတ်တော့တဲ့ နှစ်တစ်နှစ်ပေါ့’လို့ ဆိုပြီးပြောပြသွားခဲ့ ပါတယ်။

Trend Myanmar

0 comments:

Post a Comment