18.12.13

စားသုံးသူ ကွန်ရက်တွင် စားသောက်ကုန် ထုတ်သူနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ကိုင်နေသူများကို ဖိတ်ခေါ်

မြန်မာစားသုံးသူ ကွန်ရက်တွင် စားသောက်ကုန်ထုတ် လုပ်ငန်းများနှင့် စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ကိုင်နေသူများ အားလုံးပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

"ကွန်ရက်မှာ စားသောက်ကုန်နဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူတွေ စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းမှု ဆိုင်ရာတွေကို လုပ်ကိုင်နေတဲ့သူတွေ အားလုံးပါဝင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ဒီကွန်ရက်မှာ ဥပဒေ ပညာရှင်တွေလည်း ပါဝင်ပါတယ်" ဟု မြန်မာစားသုံးသူများ ကွန်ရက်မှ ဦးဆောင်သူ ဦးစိုးထွန်းက ပြောကြားသည်။



အဆိုပါကွန်ရက် စတင်ဖွဲ့စည်းခြင်း အနေဖြင့် ပြည်တွင်းရှိ စားသောက်ကုန်ထုတ် လုပ်ငန်းရှင်များနှင့် စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ လုပ်ငန်းများကို ပညာပေးနေသူများ၊ လုပ်ဆောင်နေသူများ အားလုံးကို ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုစာချုပ်ကို အကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ရာ နိုင်ငံတကာမှ စားသောက်ကုန်များ အကောက်ခွန်မဲ့ စီးဝင်မှု ရှိလာမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ဈေးကွက်သို့ ဘေးအန္တရာယ် ကင်းရှင်းသည့် စားသောက်ကုန်များ ၀င်ရောက်လာစေရန်နှင့် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသည့် စားသောက်ကုန်များမှာ နိုင်ငံတကာဈေးကွက်မီ စားသောက်ကုန်များ ဖြစ်လာစေရန်မှာ အရေးကြီးကြောင်း၊ စားသောက်ကုန်များ၏ အရည်အသွေးနှင့် သန့်စင်မှုပိုင်းမှာ အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း တက်ရောက်လာသည့် ပညာရှင်များက သုံးသပ်ကြသည်။

Eleven Media Group

0 comments:

Post a Comment