18.12.13

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ရွှေတံဆိပ်အတွက် ကျော်ဖြတ်ရမည့်အတားအဆီးတစ်ခု

ယနေ့ညနေ (၇း၃၀) တွင် မန္တလာသီရိအားကစားကွင်းမှာ
ဆီးးမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအမျိုးသမီး
နှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါတယ်။

အိမ်ရှင်မြန်မာ အသင်းနဲ့ ထိုင်းအသင်းတို့သည် ဆီးဂိမ်းပြိုင်ပွဲများတွင်
ခါးသီးပြိုင်ဘက်ကောင်းများဖြစ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းသည်


ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် နှစ်တိုင်းဆုရရှိခဲ့ပြီး၊
ဒုတိယဆု (၃)ကြိမ် နှင့် တတိယဆု (၄)ကြိမ်ရရှိဖူးထားပါတယ်။
အာဆီယံချန်ပီယံရှစ်မှာ ချန်ပီယံနှစ်ခါဖြစ်ဖူးခဲ့ပေမည့်လည်း
ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေမရဘူးသေးတဲ့ မြန်မာအနေနဲ့ ဒီနှစ်မှာတော့
ရယူသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။

ထိုင်းအသင်းသည် တဖက်အုပ်စုမှာ လာအို နဲ့ မလေးရှားတို့ကို
ဂိုးပြတ်နိုင်ပြီး အုပ်စု ပထမနဲ့ တက်ရောက်လာတာပါ။ မြန်မာအမျိုးသမီး
အသင်းကတော့ ဖိလစ်ပိုင်ကို (၂)ဂိုး ဂိုးမရှိဖြင့်အနိုင်ရပြီး၊ ဗီယက်နမ်ကို
အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့သော်လည်း ပွဲအစပိုင်းမှာ ပေးလိုက်ရတဲ့
ပေးဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရလို့ အုပ်စုဒုတိယနဲ့ပဲ တက်လာနိုင်တာပါ။
လက်ရှိမှာလည်း အကောင်းဆုံးခြေစွမ်းများရှိနေတာကြောင့်
ထိုနှစ်သင်းပြိုင်ပွဲဟာ အကြိတ်အနယ်ရှိမှာပါ။ အထူးသဖြင့်
နှစ်သင်းစလုံးက လာမည့် ၂၀၁၄ အာရှဖလားဘောလုံးပြိုင်ပွဲမှာ ခြေစစ်ပွဲ
အောင်ထားကြပြီး တစ်အုပ်စုတည်းကျရောက်နေကြပါတယ်။
ဒါကြောင့် ယနေ့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ဒီပြိုင်ပွဲမှာလည်းအရေးကြီးသလို နောက်ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုနဲ့
ယုံကြည်မှုပိုမိုတိုးစေရေးအတွက်လည်း အရေးပါလှတဲ့ ပွဲတစ်ပွဲဟု
ခန့်မှန်းမိကြောင်းပါ။

မြန်မာ အမျိုးသမီးကန်ပြီးတဲ့ ပွဲစဉ်တွေမှာ သုံးသပ်ရမိသလောက်တော့ တိုက်စစ်မှုးများ ဂိုးပိုမိုရရှိနိုင်ရန် ကြိုးစားဖို့လိုတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းနဲ့ ဗီယက်နမ်တို့က ခြေစွမ်းမတိမ်းမယိမ်းတွေပါ ဂိုးမပေးခံရဖို့ အရေးကြီးသလို သွင်းဂိုးရယူနိုင်ရေးကလည်း အရေးပါလှပါတယ်။ တစ်ဦးချင်းစကေးနဲ့ စိတ်ဓာတ်ကတော့ သာလွန်ထက်မြက်ပြီးသားပါ။ (၁၂)ယောက်ကစားသမားဖြစ်တဲ့မြန်မာပရိတ်သတ်ကလည်း အရင်နေ့များက အမျိုးသားအသင်းကိုအားပေးတာနဲ့ တန်းတူကြည့်ရှု့ အားပေးကြမည်ဟု
သိရပြီး၊ ညအိပ်ပြီး ကွင်းဝင်ခွင့်လက်မှတ်ရရှိရေး စောင့်ဆိုင်းအားပေးကြကြောင်းကိုလည်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းအောင်နိုင်ပါစေ။
ရွှေဆုနဲ့လက်တကမ်းအကွာသို့ရောက်နိုင်ပါစေ..။။

အွန်လိုင်းကအားပေးမည့် ပရိတ်သတ်တွေအတွက်ကတော့
channel အားလုံးက ထုတ်လွင့်ပြသမည်ဟုသိရပါတယ်။
http://www.mrtv4.tv/
http://myanmartvchannel.com/mrtv.html
မှာလည်းပြသမည်ဟု သိရပါတယ်။
မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

0 comments:

Post a Comment