14.12.13

ဆီးဂိမ်းပိတ်ပွဲ မီဒီယာလက်မှတ် ဖွင့်ပွဲထက် ပိုရမည်ဟုဆို

ဆီးဂိမ်းပိတ်ပွဲလက်မှတ်မီဒီယာများဖွင့်ပွဲထက်လက်မှတ်ဆောင်ရေ
ပိုရမည်ဟုပြန်ကြားရေးဝန်ကြီးဌာနက
ယနေပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ 

“ ဖွင့်ပွဲမှာသတင်းထောက်တွေ သတင်းရရေးခွင့်နဲပတ်သတ်ပြီး
များစွာစိတ်မကောင်းဖြစ်ရပါတယ်၊ပွဲကျင်းပခါနီးအပြောင်းအလဲကြောင့်
လက်မှတ်ဆောင်ရေနည်းပြီးဝင်ခွင့် နည်းသွားတာပါ၊ပိတ်ပွဲမှာတော့ဒီလို မျိုးမဖြစ်အောင် လက်မှတ်စောင်ရေပိုတောင်းထားပါတယ်“ဟု
ပြန်ကြားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှုးဦးဝင်းကြည်ကပြောသည်။



ဖွင့်ပွဲ တွင်လက်မှတ်စောင်ရေ ၁၀၀ ရရှိပြီးပိတ်ပွဲတွင်လက်မှတ်စောင်ရေ ၃၀၀ရရှိကြောင်းမီဒီယာတိုက်တစ်တိုက်လျှင်လက်မှတ် ၃စောင်နှုန်းအထိ
ရရှိနိုင်မည်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

ကျင်းပပြီးစီးခဲ့ဆီးဂိမ်းဖွင့်အခမ်းအနားတွင်လက်မှတ်စောင်ရေနည်းပါး မှုကြောင့်ပြည်တွင်း/ပသတင်းထောက်အများစု
ဖွင့်ပွဲအခမ်းနားကိုတက်ရောက်ခွင့်မရရှိခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment