14.12.13

Sea Dream ကမ္ဘာလှည့်သင်္ဘော ဒုတိယအကြိမ်ရောက်ရှိ

ကမ္ဘာလှည့်ခရီးသွားသင်္ဘော တစ်စင်းဖြစ်သော Sea Dream II သင်္ဘောသည် ရန်ကုန်မြို့ ပန်းဆိုး တန်းလမ်းဒလသင်္ဘောဆိပ်ဖြစ်သည့် နန်းသီတာသင်္ဘောဆိပ်သို့ ယနေ့ ညနေ ၃ နာရီ ၁၅မိနစ်တွင်ဒုတိယ အကြိမ်ထပ်မံရောက်ရှိလာခဲ့သည်။

အဆိုပါ Sea Dream II သင်္ဘောသည် နော်ဝေနိုင်ငံမှထုတ် လုပ်သောသင်္ဘောတစ်စင်းဖြစ်ကာ ပွင့်လင်းရာသီများတွင် အရှေ့တောင် အာရှနိုင်ငံများသို့ လှည့်လည်သွား လာနေသော သင်္ဘောတစ်စင်းဖြစ် ပြီး ယခုအခါရန်ကုန်မြို့သို့ Myanmar Voyages ခရီးသွားကုမ္ပဏီ ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဖူးခက်မြို့မှ ရောက်ရှိလာခြင်းဖြစ် ကြောင်း Myanmar Voyages ခရီးသွားလုပ်ငန်းကုမ္ပဏီမှ သိရ သည်။



သင်္ဘောပေါ်တွင် ကမ္ဘာလှည့် ခရီးသည် ၅၃ ဦးနှင့် သင်္ဘော ဝန်ထမ်း ၉၂ ဦးတို့ လိုက်ပါလာကြ ပြီး ခရီးသည်များသည်ယနေ့ညနေ ပိုင်းတွင် ရွှေတိဂုံစေတီသို့ သွား ရောက်ဖူးမြော်ကြမည်ဖြစ်ကြောင်း၊ ယခုလ ၁၄ ရက်တွင် ခရီးသည် ၂ဝ ခန့်သည် ပုဂံသို့သွားရောက်၍ ကျန်ခရီးသည်များက ရန်ကုန်မြို့ တွင်း၌ လည်ပတ်ကြ
မည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့တွင်းလည်ပတ်မည့် ခရီးသည်များအတွက် တည်းခိုရန် သင်္ဘောပေါ်၌သာ စီစဉ်ပေးထား ပြီး ခရီးသည်အားလုံးသည် ယခု လ ၁၆ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

The Union Daily

0 comments:

Post a Comment