14.12.13

ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုင်ဖုန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၈၀၀ နီးပါး ပျောက်ဆုံးလျှက်ရှိကြောင်း၊ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သတင်း (၅)ပတ်အကြာတွင် ဖိလစ်ပိုင်နိုင်ငံ အစိုးရက ပြောကြားခဲ့သည်။ 
ပြီးခဲ့သည့် သတင်း (၂)ပတ်ခန့်အကြာက သေဆုံးသူဦးရေ ၄၀၀၀ ခန့်ရှိသည်ဟုပြောကြားခဲ့ ပြီးနောက် ယခုထပ်မံပြောကြားလိုက်သည့် သေဆုံးသူစာရင်း ထုတ်ပြန်ချက် ဖြစ်သည်။ 

လူဦးရေ ၂၇၀၀၀ ကျော်သည် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရယ် လျော့ချရေးနှင့် စီမံခန့်ခွဲမှု ကောင်စီ (National Disaster Risk Reduction and Management Council)မှ သောကြာနေ့က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းသည် ရေလွှမ်းမိုးမှုဖြစ်ပေါ်စေရန် အကြီးမားဆုံး သော မုန်တိုင်းဖြစ်ကြောင်း အဆိုပါ မုန်တိုင်းကြောင့် အဆောက်အဦများ လမ်းများသည် ရေလွှမ်းမှု ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် မုန်တိုင်းကြောင့် Leyte ပြည်နယ် Tacloban မြို့သည် ပျက်စီးမှု အများဆုံးကို ခံစားခဲ့ရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

MOI Webportal Myanmar

0 comments:

Post a Comment