13.2.14

ဗိုလ်ချုပ်မွေးနေ့၌ ပဲပြုတ်နံပြား ကျွေးသူများလာ

လွတ်လပ်ရေးဗိသုကာ တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၉၉ နှစ် ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံ ကလေး များနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်(၉:၀၀)နာရီက ရွေဂုံတိုင်ရှိ NLD ပါတီအဖွဲ့ချုပ်ရုံး၌ ကလေးများအတွက် ပျော်ပွဲရွင်ပွဲများ ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းကို မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ကလေး များနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် သိမ်ဖြူနှင့် သုခရိပ်မြုံဂေဟာ(မြောက်ဒဂုံ)အပါအ၀င် ယုဇနဥယျာဉ်မြို့တော်၌လည်း ဗိုလ်ချုပ်နှစ်သက်သည့် အစား အစာပဲပြုတ်နှင့် နံပြားကို ပြည်သူများသို့

အာဟာရဒါနလှူဒါန်းကျွးမွေးမှုများပြုလုပ်ခဲ့ကြောင်းကိုလည်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နဲ့နံပြား ကို သိမ်ဖြူလမ်းပေါ်တွင်ရှိသော ဝန်ကြီးများရုံးရှေ့တွင် မနက် ၇ နာရီမှ နေ့လည် ၁၂ နာရီထိ ဗိုလ်ချုပ်အောင်ဆန်း မေ့မရသူများအဖွဲ့မှ ကျွေးမွေးခဲ့သည်ဟု သိရသည်။

“ မနက်ဖြန် (၉၉)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ Cultural Impact Studies Club (လွတ်လပ်ရေးကြေညာ စာတမ်း တစ်သောင်းဖြန့်ဝေခဲ့တဲ့)က မြောက်ဒဂုံမြို့နယ်မှာတည်ရှိတဲ့ သုခရိပ်မြုံ HIV ကလေးများဂေဟာကို သွားရောက်ပြီး ပဲပြုတ်နဲ့ နံပြားကို မနက်စာ ဒါနပြုပါမယ်။ နေ့လည် ၁၂ နာရီမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့ကို သွားရောက်ပြီး မွေးနေ့ ကိတ်ခွဲ ဆုတောင်းစကား ပြောကြပါမယ်။ ညနေလေးနာရီမှာ စိမ်းလန်းစိုပြေပန်းခြံမှာ ဗိုလ်ချုပ်မွေးနေ့အမှတ်တရ "The Voice of Struggles" ဆိုတဲ့ ကဗျာများ သီချင်းများ ရွတ်ဆိုကြပါမယ်။” ဟု ပွဲစီစဉ်သည့် မငြိမ်းချမ်းမေက ဖေဖော်ဝါရီလ(၁၂)ရက်နေ့က လူမှုကွန်ယက်၌ ပြောကြားထားသည်။

ထိုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို အမှတ်ရနေသူများရှိသလို ပဲခူးတိုင်း ရွှေကျင်မြို့တွင် မြို့ခံလူငယ်များ ဦးဆောင်ပြီး ကျင်းပရန် စီစဉ်ထားသော ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် အခန်းအနား ပြုလုပ်ခွင့်ကို သက်ဆိုင်ရာတာဝန်ရှိသူအချို့မှ ပိတ်ပင်လိုက်ပြီး အခမ်အနား ကျင်းပရန် ရည်ရွယ်ထားသည် အများပြည်သူပိုင် အာဇာနည်ကျောက်တိုင်ကိုလည်း ခြံစည်းရိုး ခတ်ကာ မြို့အတွင်း၌လည်း လုံခြုံရေးများထူထပ်စွာ ချထားသည်ဟု ရွှေကျင်မြို့ခံအချို့က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း က ပဲပြုတ်နံပြားကြိုက်သလို သူ့သမီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသားရိုးရာအစားအစာများကို ကြိုက်နှစ်သက်သည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထံမှ သိရသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment