13.2.14

မေတ္တာကြာရိုးဆစ် အချစ်ကာရံချိုမြတဲ့ လူငယ်တို့ရဲ့ ချစ်သူများနေ့

နှစ်စဉ်နှစ်တိုင်းမှာ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာဖွဲ့ ရင်ခုန်သံအချိုမြဆုံးနေ့ဟာ ဖေဖော်ဝါရီ ၁၄ ရက်ရောက်တိုင်းကျင်းပတဲ့ Valentine’s day (ခ) ချစ်သူများနေ့ပဲဖြစ်ပါ တယ်။ အဲဒီနေ့ရက်မှာ လူငယ်ချစ်သူစုံတွဲတွေအပြင် သံယောဇဉ်ကြီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ ချစ်ခြင်းမေတ္တာ သင်္ကေတအမှတ်တရဂုဏ်ပြုပွဲလေးတွေ ပြု လုပ်ဆင်နွှဲလေ့ရှိကြသလို အမြတ်တနိုးချစ်သက်လက်ဆောင် ပစ္စည်းလေးတွေလည်း အပြန်အလှန်ပေးကြ လေ့ရှိပါတယ်။ ဒါကြောင့် ချစ်သူများနေ့မှာ လူငယ်တွေအနေနဲ့
ဘယ်လိုပျော်ရွှင်စွာဖြတ်သန်းကြမလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။


►စန္ဒီမြင့်လွင်-

“ဒီနှစ်Valentine’s day မှာ သီချင်း ဆိုမယ်။ ဝိုင်းစုမင်္ဂလာဆောင်မှာ ပန်းကြဲပေး မယ်။ အရင်တုန်းက Valentine’s day ဆိုပြီး ထူးထူးခြားခြား လျှောက် သွားတာမျိုးေ တွ မလုပ်ဖူးဘူး။ Valentine’s day ဆိုရင် များ သောအားဖြင့် ရည်းစားမရှိတာ များ တယ်။ ဒီနှစ်တော့ချစ်သူရှိပေမယ့် လည်းဘာမှ ထူးထူး ခြားခြားအစီအ စဉ်တော့ မရှိပါ ဘူး။ ချစ်သူတွေ အကုန်လုံး ကိုယ် ချစ် တဲ့ သူနဲ့တစ်သက်လုံးလက်တွဲရပါစေလို့ ဆုတောင်း ပေးပါတယ်”

►နန်းဆုရတီစိုး-

“အရင်တုန်းက Valentine’s day က ကိုယ်နဲ့သိပ်မဆိုင်သလိုပဲ ပရိသတ်တွေနဲ့ အချိန်ကုန်တာများတယ်။ ပရိသတ်တွေကို ကိုယ့်ချစ်သူလိုပဲ သဘောထားတယ်။ ရည်စား ရှိ တဲ့အချိန်ကျတော့လဲ ပွဲတွေရှိနေတော့ ပရိသတ် ကိုပဲ ဦးစားပေးဖြစ် တယ်။ အဲဒီနေ့က ချစ်တဲ့သူ တွေ အတူတူ လျှောက် လည်ကြတယ်။ ပျော်ရွှင်ကြ တယ်။ အမှတ် တရ နေ့ လေးဖြစ် တော့ ဝမ်း သာ ပါတယ်။ ဒါပေမဲ့ ကိုယ့်အ တွက် တော့ Valentine’s day ဆိုတာ အမှတ်တရသိပ်မရှိခဲ့ပါဘူး။ ဒီနှစ်က တော့ မပြောတတ်သေးဘူးေ ပါ့လေ။ ချစ်သူနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။ အဲဒီနေ့လေးမှာ ပျော်ရွှင်တဲ့အမှတ်တရတွေဖြစ်ပါစေ”

►မိစန္ဒီ-

“ချစ်သူများနေ့မှာချစ်သူနဲ့ အမှတ်တရ ရယ်လို့တော့မရှိခဲ့ဘူး။ အလုပ် လုပ်တဲ့အ ချိန်ကပိုများတယ်။ romatic ဆန်ဆန်အ မှတ်တရတွေ တော့မရှိဘူး။ Valentine’s day တွေအများကြီး တော့ကျော်ဖြတ် ခဲ့ဖူးပါတယ်။ချစ်သူရှိခဲ့ တာလည်း နှစ်ယောက်တည်းသွားတယ်ဆို တာက ရှားပါတယ်။ သူငယ် ချင်းတွေနဲ့ စုသွားတာများ တယ်။ အဲဒီလိုသွားရတာ ကို ပိုပျော်တယ်။ ဒီနှစ်က တော့ တစ် ယောက်တည်း ပဲ။ မျှော်စင်ကျွန်းမှာ valentine’s show ဆို မယ်။မဝိုင်းစု မင်္ဂလာ ဆောင်မှာ သတို့ သမီးအရန် လုပ်မယ်”

►မိုးယံဇွန်-

Valentine’s Day က ပျော်စရာနေ့လေးတစ်နေ့ပါ။ ကိုယ် သံယောဇဉ်ရှိတဲ့သူတွေ၊ နှစ်သက် တဲ့သူတွေအတွက် အမှတ်တရ လက်ဆောင်လေးတွေပေး၊ ချောက လက်ေ တွကျွေးနဲ့ ဖြတ်သန်းကြတာ၊ ကြည်နူးဖို့ကောင်းပါတယ်။ ကျွန် တော့်အတွက် အမှတ်တရရတယ်လို့တော့ မရှိပါဘူး။ ကြုံချင်ပါတယ်။ အဲဒီအချိန်ကိုလည်းစောင့်နေပါ တယ်။ဒီနှစ်တော့နယ်မှာ ကားရိုက် နေမယ့်အချိန်ပေါ့။ အရင်နှစ်တွေ ကတော့ ပရိသတ်တွေက အမှတ် တရလက်ဆောင်တွေပို့ပေးကြတယ်။ ဒီနှစ်တော့ ပရိသတ်တွေ ပို့ပေးကြ တာကိုကျွန်တော်ပြန်လာမှတွေ့ရ တော့မှာပေါ့။ တအားလည်း ကျေးဇူး တင်ပါတယ်။ ချစ်တဲ့သူအချင်းချင်း ရန်မဖြစ်ဘဲ၊စိတ်မကောက်ဘဲ အဆင် ပြေကြပါစေလို့ ဆုတောင်းပေး ပါတယ်။

►အိမ့်ချစ်-

“အိမ့်ချစ်က ချစ်သူများ နေ့မှာ သီချင်းဆိုဖို့ရှိတယ်။ ဝိုင်းစု မင်္ဂလာဆောင်မှာပေါ့။ အဲဒါက ထူးခြားလာမှာပါ။ ညကျရင်တော့ မျှော်စင်ကျွန်းမှာ ရှိုးဆိုဖို့ရှိတယ်။ ‘အချစ်ရေး’ Audio စီဒီထွက် ထားတာဆိုတော့ ဗီစီဒီထွက်နိုင်ဖို့ ကြိုးစားနေရတာပေါ့။ ချစ်သူများနေ့နဲ့အချစ်ရေးဟာ သက် ဆိုင်မှုတော့မရှိပါဘူး။ ဒါပေမဲ့ လည်း တူညီနေတယ်လို့ပြော ရင် ရတာပေါ့နော်။အရင်ကဆို မြန်မာ ပြည်မှာ သိပ်မတွင်ကျယ်သေးဘူး။ ချစ်သူများနေ့ဆိုပြီးတော့လေ။ အခုနောက်ပိုင်းမှ ကျယ်ကျယ် ပြန့်ပြန့် အသိအမှတ်ပြု လက်ခံ
လာကြတယ်။တစ်ကမ္ဘာလုံးက သတ် မှတ်ထားတဲ့ နေ့တစ်နေ့ဆိုတော့ လည်း ကောင်းပါတယ်။ အဲဒီနေ့မှာ ချစ်သူစုံတွဲတွေအပါအဝင် တခြားသူ တွေလည်းပျော်ရွှင်ခြင်း ကိုရရှိ ခံစား ရပါစေလို့ ဆုတောင်းပေးပါတယ်။ သီချင်းဆိုရင်းနဲ့ပေါ့”

►သဉ္ဇာနွယ်ဝင်း-

“ချစ်သူများနေ့မှာတော့ သဉ္ဇာ့အနေနဲ့ အမှတ်တရမရှိခဲ့ဖူး ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေဆီက တော့ အမှတ်တရလက်ဆောင်တွေ၊ ပန်း စည်းတွေ၊ ချောကလက်တွေတော့ လက်ဆောင်ရဖူးပါတယ်။ ဒီနှစ် ချစ်သူများနေ့ကို သဉ္ဇာကားရိုက်ရင်းနဲ့ပဲဖြတ်သန်းဖြစ်မယ်။ချစ်သူများနေ့လေးက တစ်နှစ် မှတစ်ခါပဲရှိတဲ့ နေ့လေးဖြစ်တဲ့ အတွက် ပရိသတ် ကြီးလည်းကိုယ် ချစ်တဲ့သူနဲ့ အတူအဲဒီနေ့လေးမှာပျော် ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆု တောင်းပေးပါတယ်”

►ဆန်းသစ်လ-

“ချစ် သူများနေ့မှာ တာ့ အမြဲတမ်း ကိုယ့် မိသားစု နဲ့ပဲနေဖြစ်တာ များပါ တယ်။ကျောင်းသူဘဝတုန်းကတော့  သူငယ်ချင်းတွေနဲ့ ပစ္စည်းလဲတာတို့၊ မုန့်ဝယ်ကျွေးတာတို့ လုပ်ဖြစ်တယ်။ ဒီနှစ်ချစ်သူများနေ့ကိုတော့မင်္ဂလာ ဆောင်ပွဲတွေတက်ဖို့ရှိတယ်။ သူငယ်ချင်းတွေဆီကတော့ လက်ဆောင် ပစ္စည်းလေးတွေရဖို့မျှော်လင့် မိတယ်။ချစ်သူေ တွအား လုံးလည်းချစ်သူများနေ့ မှာ ပျော်ရွှင်ကြပါစေ။ ၁၅ဝဝအချစ်နဲ့မဟုတ် ဘဲနဲ့လည်း ၅၂၈အချစ် အတွက်လည်းအမှတ်တရ နေ့လေးပါပဲလို့ပြော ချင်ပါတယ်။”

Popular Myanmar

0 comments:

Post a Comment