13.2.14

ကောက်ရသည့်ရွှေဆွဲကြိုးအား ပိုင်ရှင်ထံပြန်အပ်

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ “မန္တလာသီရိ”အားကစားကွင်းအတွင်း (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပစဉ် တောင်ဘက်ဝင်ပေါက်၌ လုံခြုံရေးတာဝန်ကျ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်သား ထက်ထက်လွင်သည် ပုလဲလော့ကတ်သီးပါရွှေဆွဲကြိုး(၁)ကုံးအား တွေ့ရှိသဖြင့် ပိုင်ရှင်အား စုံစမ်းခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်သွယ်သွယ်သန်း၏ဆွဲကြိုးဖြစ်ကြောင်း သိရ၍ ရိုးသားစွာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment