13.2.14

ဘုရင်မကြီးရဲ့ မင်္ဂလာလက်ဆောင်မွန် လည်ဆွဲဘယက်နဲ့ တလက်လက်တောက်ပနေခဲ့တဲ့ Kate Middleton

Kate Middleton ဟာ လန်ဒန်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ “The Potrait Gala 2014” ပွဲကို British ဒီဇိုင်နာ Jenny Packhamရဲ့ အပြာရင့်ရောင် ၀တ်စုံနဲ့ပွဲတက်ခဲ့ပါတယ်။ ထူးခြားတာက သူမရဲ့စိန်ဘယက်ဖြစ်ပြီး ဒီပွဲမှာ သူမရဲ့ရတနာတွေကြောင့် မျက်စိကျိန်းလောက်အောင်ကို တောက်ပနေခဲ့ပါတယ်။

ဒီပွဲဟာ ရန်ပုံငွေ မြှင့်တင်ရန်ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားပုံတူပန်းချီစုစည်းမှု ပြပွဲတစ်ခု ဖြစ်ပါတယ်။ Duchess of Cambridge (ကမ်းဘရစ်ခ်ျမြို့စားကတော်) လို့လည်း ချီးမြှောက်ခေါ်ဝေါ်ကြတဲ့ Kate Middleton ဆင်မြန်းလာတဲ့ ဒီစိန်ဘယက်ကိုတော့ သူမရဲ့ ယောက္ခမဖြစ်သူ Queen Elizabeth က ငှားရမ်းပေးခဲ့တာဖြစ်ပါတယ်။ ဘုရင်မကြီးအနေနဲ့ ဒီဘယက်ကို သူမရဲ့ခင်ပွန်းဖြစ်သူ Prince Philip နဲ့ ၁၉၄၇နှစ်မှာ လက်ထပ်ခဲ့စဉ်တုန်းက လက်ဆောင်အဖြစ် ရရှိခဲ့တာပါ။



မင်းသမီး Kate ဟာ အထူးသဖြင့် ၀တ်စုံတွေကို တစ်ကြိမ်ထပ်ပိုပြီး ၀တ်ဆင်လေ့ရှိသူအဖြစ် လူသိများပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလက ပွဲတစ်ခုမှာလည်း Packham ရဲ့ဂါဝန်ကို ၀တ်ဆင်ခဲ့ပြီး ပါပြီ။ ဒီပွဲဟာ ၂၀၁၄ ခုနှစ်အတွင်း လူထုရှေ့မှောက် ရောက်ရှိခဲ့တဲ့ သူမရဲ့ ပထမဆုံးသော ပွဲလည်း ဖြစ်ပါတယ်။

Trend Myanmar.

0 comments:

Post a Comment