13.2.14

အဆော့လွန်တဲ့ခွေး အလုပ်ဖြုတ်ခံရ

အမေရိကန် Gulfport Police Department မှာ အဲ့ဒီခွေးကို လုံခြုံ ရေး နဲ့ စုံစမ်းစစ်ဆေးရေးမှာ အသုံးပြုဖို့အတွက် ခန့်အပ် ထားခြင်း ဖြစ်ပါတယ်။ 

သို့ပေမယ့် ယင်းခွေးဟာ လုပ်ငန်း တာဝန်ကျချိန်မှာ ထရိန်နင်ပေး (သင်ပေး) ထားသလို အလုပ်မလုပ်ပဲ ဆော့ကစားလို့ နေပါ တယ်။ ပြုပြင် ပေးလို့ မရအောင် အမြဲလိုလိုဖြစ်နေတာကြောင့် ယင်းခွေးကို ရဲဌာနက အလုပ်ဖြုတ်ခဲ့ ပါတယ်။ ထရိန်နင် ကျောင်း ပြန်ပို့ပေးလည်း ဘာမှ ထူးမလာလို့ ဖြစ်ပါတယ်။

ယခုတော့ အဲ့ဒီခွေးကို သူ့ပိုင်ရှင်ထံသို့ ပြန်လည် ပို့ပေး လိုက်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: foxnews
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment