13.2.14

ဟာသသရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်တာ တစ်နှစ်ပြည့်မှာ သားဖြစ်သူ ထိုက်စံမော့စ်ရဲ့ လွမ်းဆွတ်သတိရစကား

ဟာသသရုပ်ဆောင် အကယ်ဒမီ မော့စ် ကွယ်လွန်တာ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ မော့စ်ရဲ့ တစ်နှစ်ပြည့်မှာ သားဖြစ်သူ ထိုက်စံမော့စ်ရဲ့ လွမ်းဆွတ်သတိရစကားကို သူ့ရဲ ဖေ့ဘုတ်မှာ အခုလိုရေးသားထားတာတွေ့မြင်ရပါတယ်။

"၂၀၁၃ ဖေဖ၀ါရီ ၁၃ ရက်နေ့က အဖေချစ်တဲ့ သားတို့မိသားစုနှင့် အဖေကိုချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာပြီးဘ၀တစ်တစ်ပါးကို ကူးပြောင်းသွားတဲ့ သားချစ်တဲ့ဖေဖေ ဒီနေ့နဲ့ဆိုရင် ၁နှစ်တိတိတောင် ပြည့်ပါပေါ့လား။ အဖေမရှိတော့တဲ့

တစ်နှစ်တာကာလပတ်လုံးမှာ မေမေရောသားတို့ ညီကိုတွေပါ တစ်ရက်မှမမေ့နိုင်ခဲ့ပါဘူး။ သားတို့အဖေ့အတွက်ရည်စူးပြီး ပြုလုပ်တဲ့လှူအတန်းခဲ့သမျှ ကုသိုလ်အ၀၀ ကိုအဖေရောက်ရာအရပ်က သာဓုခေါ်ရမယ်နော် ဖေ ဖေ . . . အဖေထားခဲ့တဲ့မိသားစုလေးကို သားဆက်လက်ပုခုံးထမ်းရင်း ဖေဖေ ရှိစဉ်တုန်းကလိုပဲ ပျော်ရွှင်တဲ့မိသားစုလေးဖြစ်အောင် သားဆက်လက်ကြိုးစားပါမယ် . . .အဖေ ထားခဲ့တဲ့ အဖေ့ပရိတ်သတ်ကြီးကိုလဲ သားအနုပညာတွေပေးဆက်ရင်းနဲ့ ကြိုးစားပါ့မယ်။ ဖေဖေ ရောက်လေရာအရပ်မှာ သားကြောင့်မျက်နှာမပျက်စေရပါဘူးလို့ သားကတိပေးပါတယ် ဖေဖေရယ် . . ."

ထိုက်စံမော့စ်

0 comments:

Post a Comment