2.9.15

သိမ်းဆည်းလယ်မြေများ ပြန်လည်ရရှိရန် မန္တလေးမြို့သို့ လာရောက် ဆန္ဒထုတ်ဖော်


 မတ္တရာမြို့နယ်သမဝါ ယမအသင်းက ဘက်စုံစိုက်ပျိုး ရေးသင်တန်းကျောင်း ဆောက် လုပ်ရန် သိမ်းဆည်းခဲ့သောလယ် ယာများပြန်လည်လုပ်ပိုင်ခွင့်ရရှိ ရေးအတွက်ဟုဆိုကာ ဒေသခံ တောင်သူများက စက်တင်ဘာ ၁ ရက်တွင် မန္တလေးမြို့၌ လာ ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်သမဝါယမအသင်း အနေဖြင့် သင်တန်းကျောင်း ဆောက်လုပ်ရန်ဟုဆိုကာ လွန်ခဲ့ သည့် ၁၉၇၄-၇၅ ခုနှစ်က မတ္တရာ မြို့နယ်ကံပြူးကျေးရွာရှိ လယ် ယာမြေဧက ၄၀ ခန့်ကို သိမ်းဆည်းခဲ့သည်ဟု ဒေသခံတောင်သူများ က ပြောသည်။ သို့သော် ၎င်းလယ် ယာများကို ယခုအချိန်ထိ သင် တန်းကျောင်းဆောက်လုပ်ခြင်း မရှိဘဲ လယ်ယာမြေများကို အခြားသူများအား သီးစားချ(အငှားချ) ပြီး အကျိုးအမြတ်များကို အသင်း က ခံစားနေကြောင်း လယ်ယာ သိမ်းဆည်းခံရသော တောင်သူ ဒေါ်လင်းလင်းဌေးက ပြောသည်။
‘‘ကျွန်မတို့က ဓားမဦးချ တောတွင်းခုတ်ထွင်ပြီး လုပ်လာရ တာ။ ဒါကို ကျွန်မတို့က မခံစားရ ဘူး။ သူတို့က နှစ်ပေါင်းကိုများလှ ပြီ။ အကျိုးမြတ်ခံစားလာရတာ။ အထက်က လယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်ဖို့ ပြောနေပေမယ့် လည်း သူတို့က သူတို့ရဲ့အကျိုး စီးပွားအတွက် အခုထိ မစွန့်လွှတ် နိုင်သေးဘူး။ ကျွန်မတို့မှာ ဒီလယ် ယာမြေပိုင်ဆိုင်တဲ့ စာရွက်၊ စာ တမ်းအထောက်အထား အပြည့် အစုံရှိပါတယ်’’ဟု ဆန္ဒပြတောင် သူ ဒေါ်လင်းလင်းဌေးက ပြော ကြားသည်။
ဒေသခံ တောင်သူများက မိမိတို့၏လယ်ယာမြေများကို ပြန် လည်လုပ်ကိုင်ရန် အစိုးရ အဖွဲ့အ စည်းများထံ တိုင်ကြားစာ၊ အသ နားခံစာများ ပေးပို့ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ ကြောင်း၊ မိမိတို့လယ်ယာများ အား အခြားသူများကို မပေးဘဲ မိမိတို့အား သီးစား(အငှား)ချပေး ရန် တောင်းခံခဲ့သော်လည်း မရရှိ ခဲ့ကြောင်း ဆန္ဒပြတောင်သူများ က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲခန့် အထိ တစ်နာရီကြာ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် ၆၂×၃၅ လမ်းမှ ပြည်သူ့ဟစ်တိုင်ကွင်းအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကာ လူအင်အား ၅၀ ခန့်ပါဝင်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မတ္တရာမြို့နယ် သမဝါယမဦးစီး မှူးက ‘‘ကျွန်တော်တို့ သီးစားချပေးတယ်ဆိုတာ မဟုတ်ပါဘူးဗျ။ ကျွန် တော်တို့အသင်းသူ၊ အသင်းသား တွေပဲ လုပ်ကြတာပါ’’ဟုဖြေရှင်း ပြောကြားသည်။
ဘက်စုံသင်တန်းဆောက် လုပ်ရန် မြေယာများသိမ်းခဲ့သည် ဟုဆိုခြင်းကို မိမိအနေဖြင့် မသိ ကြောင်း၊ ယခင် စစ်အစိုးရလက် ထက်က သိမ်းခြင်းဖြစ်သော ကြောင့် ယခင်ခေတ်ဥပဒေအရ လယ်ယာမြေများကို နိုင်ငံတော် ကသာလျှင် ပိုင်ဆိုင်ကြောင်း၊ နိုင်ငံတော်၏ စီမံကိန်းရှိသည့်အခါ လိုအပ်လျှင် အသုံးပြုခွင့်ရှိသဖြင့် ယခင်စစ်အစိုးရက သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

Credit To >>> 7Day News

0 comments:

Post a Comment