2.9.15

ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း စာရင်း စက်တင်ဘာ ၈ ရက် မတိုင်မီ ထုတ်ပြန်မည်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ အမည်စာ ရင်းကို စက်တင်ဘာ ၈ ရက်မတိုင် မီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် စက်တင်ဘာ ၈ ရက်မှ စ၍ မဲဆွယ်စည်းရုံးနိုင် သည့်အတွက် အဆိုပါရက်မတိုင် မီ ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ် လောင်းစာရင်းကို ထုတ်ပြန်ပေး မည်ဟု ပဲခူးတိုင်းဇီးကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်မိုးဦးကပြောသည်။
‘‘ဒီလ ၈ရက်မှာ ကိုယ်စား လှယ်လောင်းတွေစပြီး မဲဆွယ်လို့ ရပြီဆိုတော့ အဲဒီရက်မတိုင်ခင် ဒီတစ်ပတ်အတွင်းမှာရွေးကောက် ပွဲဝင်ခွင့်ရမယ့် စာရင်းကိုထုတ်ပြန် ပေးမှာပါ’’ဟု ၎င်းက ဆိုသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် အမည် စာရင်းလျှောက်ထားသူ ခြောက် ထောင်ကျော်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်း ထားသူများကို ကိုယ်စားလှယ် လောင်းအရည်အချင်းများနှင့် ညီ ညွတ်မှုရှိ၊ မရှိ သြဂုတ် ၁၈ မှ ၃၁ ရက်အထိ စိစစ်ခဲ့သည်။
ယင်းသို့စိစစ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီအချို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းထားသူအချို့ ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့် မကိုက်ညီသည့်အတွက် ပယ်ချခံရမှုများရှိနေသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲသည် မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်တွင် ၀င် ရောက်ယှဉ်ပြိုင်သူအများဆုံးဖြစ် သည့် ရွေးကောက်ပွဲတစ်ရပ် လည်းဖြစ်သည်။

Credit To >>> 7Day News

0 comments:

Post a Comment