2.9.15

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွန်ဒို၊ တိုက်ခန်းများရှေ့တွင် ကားရပ်ရန် ပါကင်များအား တစ်ဦးတည်းပိုင် အဖြစ် ပြုလုပ်ထားသူများကို စည်ပင်မှ ဖမ်းဆီး အရေးယူဆောင်ရွက်မှုအားနည်းဟု ပြည်သူများဝေဖန်

 ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွန်ဒို၊ တိုက်ခန်း များရှေ့တွင် ကားရပ်ရန် ပါကင်များကို တစ်ဦးတည်းပိုင် အဖြစ် ပြု လုပ်ထား သူများကို စည်ပင်မှဖမ်း ဆီးအရေးယူဆောင်ရွက်မှု အားနည်း နေသေးကြောင်း ပြည်သူများ မှဝေဖန် ပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီစီမံရေးရာဌာနမှ တာဝန်ရှိ သူတစ်ဦးက''ကွန်ဒို၊ တိုက် ခန်းများရှေ့မှာ တစ်ဦးတည်းမူပိုင်ဝါး လုံးများ၊ ဆိုင်းဘုတ်များ၊ တာယာ ခွေတွေတန်းပြီး နေရာဦးမှုပြုလုပ်နေ တာတွေကို အခုလက်ရှိ မြို့တွင်း ခြောက်မြို့နယ်၊ မြို့တွင်းဆက်စပ်မြို့ နယ်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေထိ ဖမ်းဆီးအရေးယူဆောင်ရွက်နေပါ တယ်။ တွေ့ရှိ ရင်တရားမဝင်လမ်း ပိတ်ဆို့မှုဆိုပြီး အရေးယူဆောင်ရွက် ပါတယ်။ ဒဏ်ကြေးကတော့ ကျပ် တစ်သောင်းမှ ကျပ်ငါးသိန်းထိဒဏ် ရိုက်အရေးယူ မှာပါ။ နောက်ပိုင်းမှာ လမ်းတိုင်းလမ်းတိုင်းကို အမှိုက်ကား ကြီးနဲ့ ဝင်ရောက်ပြီး သိမ်းဆည်းအရေး ယူဆောင်ရွက်သွားမှာပါ''ဟုပြော သည်။

ယခုအခါ မြို့တွင်းခြောက်မြို့ နယ်၊ မြို့တွင်းဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် ကွန်ဒို၊ တိုက်ခန်းများရှေ့တွင်တစ်ဦးတည်း ပိုင်အဖြစ် ဆိုင်းဘုတ်များနှင့်ဝါးလုံး များတန်း၍ ကားရပ်နားရန် ပါကင် ဦးယူ သူ များပြားလာပြီး ပြဿ နာ များဖြစ်ပေါ်လျက် ရှိလာသောကြောင့် ပြည် သူများ အနေဖြင့် စည်ပင်မှအရေး ယူမှုအား နည်းခြင်း များရှိနေမှု အပေါ် ဝေဖန်လျက်ရှိနေသည်။

လသာမြို့နယ်မှ ကိုဝိုင်းက ''လ သာမြို့နယ်မှာ လမ်းတိုင်းနီးပါး တိုက် တွေရှေ့ မှာ တစ်ဦးတည်းပိုင် ဆိုင်းဘုတ် တွေ၊ တာယာခွေတွေ နဲ့ဝါးလုံးတန်း ပြီး ကားရပ်နားဖို့ပါကင်တွေ ထိုးတာ တွေအများကြီးပါ။ အဲဒီလိုတွေတစ် ဦးပိုင်နေရာဦးထားတဲ့သူတွေက မြေ ညီထပ်တိုက်ခန်းက လူတွေများပါ တယ်။ ကားရပ်စရာနေရာမရှိလို့ ခဏခဏပြဿ နာ တက်ကြ တယ်။ စည်ပင်ကလဲ ဖမ်းတယ်သာ ပြော တာ တစ်ခါမှ လာဖမ်းတာ လဲမတွေ့ ဘူး။ လသာမြို့နယ်မှာ နေ့တိုင်းလာ ဖမ်းကြည့်ပါ ။ နေ့တိုင်းတစ်နေ့ကိုအ ခု ၅ဝလောက်ဖမ်းမိလိမ့်မယ်''ဟုပြော သည်။

ရန်ကုန်မြို့၌ ယာဉ်ကျပ်တည်း မှုများသည့် မြို့တွင်းခြောက်မြို့နယ် ဖြစ်သော လမ်းမတော်၊ လသာ၊ ပန်း ဘဲတန်း၊ ကျောက်တံတား၊ ပုဇွန် တောင်၊ ဗိုလ်တထောင်စသည့် မြို့ နယ်များတွင် ဆောက်လုပ်ထားသည့် ကွန်ဒိုများ၊ တိုက်ခန်းများရှေ့တွင် ကားရပ်ရန် ပါကင်များကို တစ်ဦး တည်းပိုင်အဖြစ် ဝါးလုံးများတန်း၍ နေရာဦးခြင်း၊ ကြိုးများတန်း၍နေရာ ဦးခြင်း၊ ယာဉ်မရပ်ရ ဆိုင်းဘုတ်များ ထောင်ထားခြင်းနှင့် တာယာခွေများ ကိုချကာ နေရာဦး မှုများကို လုပ် ဆောင်လာလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် နေထိုင် သူဦးချစ်ထွန်းက''ပုဇွန်တောင်မြို့ နယ်မှာ အခုဆို ကားပိုင်ရှင်တွေအနေ နဲ့ လမ်းထဲမှာ ကားရပ်နားစရာနေ ရာတောင် မရှိပါဘူး။ တိုက်ခန်းတိုင်း လိုလိုက သူတို့တိုက်ရှေ့မှာ တစ်ဦးပိုင် ဝါးလုံး တန်းတွေ၊ ကားမရပ်ရဆိုင်း ဘုတ်တွေတန်းပြီး နေရာဦးထားကြ တယ်။ ကျွန်တော်တို့နေတဲ့တိုက်ဆို အောက်ထပ်မှာနေတဲ့သူတွေက ကား ပါကင်နေ ရာကို သူတို့တစ်ဦးပိုင်နေ ရာဦးထားလို့ ကျွန်တော်ကားရပ်စ ရာနေရာ မရှိလို့ သူတို့နဲ့တောင် ပြဿနာတက်တယ်။ တကယ်ဆို လမ်းတွေက အများပြည် သူပိုင်ပါ။ မည်သူမဆို ကားရပ်နားခွင့်ရှိပါတယ်။ စည်ပင် အနေနဲ့လဲ အခုလိုလုပ်တဲ့သူ တွေကို ထိထိရောက်ရောက် အရေး ယူရမှာပါ။ စည်ပင်အနေနဲ့အရေးယူ ဆောင်ရွက်တာတွေက အရမ်းကို အားနည်းတယ်။ စည်ပင်ကလမ်းတိုင်း နီးပါး အကုန်ဝင်ရောက်ပြီး ဖမ်းဆီး အရေးယူရမှာပါ''ဟုပြောသည်။

ကွန်ဒို၊ တိုက်ခန်းများရှေ့တွင် ကားရပ်ရန်ပါကင်များကို တစ်ဦးတည်း ပိုင် အဖြစ် နေ ရာဦးမှုများမှာ မြို့ တွင်းခြောက်မြို့နယ်အပြင် မြို့တွင်း ဆက်စပ်မြို့ နယ်များ တွင် ပါ ပြုလုပ် လာလျက်ရှိသည်။
\
Credit To >>> Democracy News

0 comments:

Post a Comment