2.9.15

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ အသက်ဝင်သည့်နေ့တွင်ပင် လှိုင်သာယာ စက်မှုဇုန်များ ၌ အလုပ် လက်မဲ့ လုပ်သားဦးရေ ၅ဝဝခန့်အထိရှိလာ

 ပုဂ္ဂလိ ကလုပ်သားများအတွက် ပြည်ထောင် စု အစိုးရအဖွဲ့မှ အတည်ပြုသတ်မှတ် ပေးလိုက်သည့် အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ စတင်အကျုံးဝင်သည့် စက်တင်ဘာ ၁ ရက်နေ့မှာပင် လှိုင် သာယာ စက်မှုဇုန်များရှိ အလုပ်လက် မဲ့လုပ်သားဦးရေမှာ ၅၀၀ ခန့်အထိရှိ လာကြောင်း သိရသည်။

ယင်းအလုပ်လက်မဲ့ဦးရေသည် အဆိုပြုအနိမ့်ဆုံးလုပ်ခ ထွက်ပေါ်ပြီး နောက် ပိုင်း တွင် လုပ်သားလျှော့ခြင်း များနှင့် လုပ်ငန်းအရှုံးပေါ်သဖြင့် စက်ရုံပိတ် သိမ်းခြင်းတို့ကြောင့်ဖြစ် ကြောင်း သိရသည်။

လက်ရှိအလုပ်လက်မဲ့ဖြစ်နေ သည့် လုပ်သား ၅၀၀ ခန့်မှာ ဩဂုတ် လ အတွင်း ၌ လှိုင်သာယာစက်မှုဇုန် (၄) ရှိ ဗျငျွေသျန အထည်ချုပ်စက် ရုံတွင် လုပ်သား ၄၂၀ ဦးရှိသည့်အ နက်မှ ၁၉၆ ဦး အလုပ်မှရပ်စဲလျှော့ ချခြင်း၊ ဇုန်(၂)ရှိ ဧရာဝတီဆေးဆိုး ပန်းရိုက်စက်ရုံမှ လုပ်သား ၅၉ ဦးရှိ သည့်အနက် ၃၈ ဦး၊ ဇုန်(၄)ရွှေစွမ်း ရည်ပီနံအိတ်စက်ရုံမှ လုပ်သား ၈၀ ကျော်လျှော့ ချခြင်းတို့နှင့် ဇုန်(၃)ရှိ စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ လုပ်ငန်း အရှုံးပေါ်သဖြင့် လုံးဝပိတ်သိမ်းခြင်း တို့ကြောင့် လုပ်သား ၂၃ရ ဦးတို့ ဖြစ်ကြောင်း လှိုင်သာ ယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနစာရင်းများ အရ သိရသည်။

''အလုပ်သမားလျှော့တာရော အလုပ်ပိတ်တာရောက ဇူလိုင်၃ရက် ကထုတ်ပြန် ထားတဲ့ နစ်နာကြေးအစီ အစဉ်အ တိုင်း ဖြေရှင်းပေး ပါတယ်။ စက်ရုံပိတ်လိုက်တဲ့ စံပယ်ပွင့်စက် ရုံကတော့ ၂၆ရက် နေ့ကပိတ်လိုက် တယ်။ မနေ့ကတော့ နစ်နာကြေးနဲ့ လျော်ကြေးအားလုံးပေးပြီးသွားပါပြီ။ ကျန်တဲ့လုပ်သားလျှော့တဲ့စက်ရုံတွေ လဲ လုပ်သားနစ်နာကြေးပေးပြီးပါ ပြီ။ အာရှနှင်းဆီတစ်ရုံကတော့ လုပ် သားလျှော့တာကို အလုပ်သမားက မကျေနပ်လို့ မြို့နယ်ဖျန်ဖြေရေးက ဒီအလုပ်သမားပြဿ နာက ဥပဒေပါ အခွင့်အရေးနဲ့ဥပဒေပါဆုံးဖြတ်ခွင့် ဖြစ်တဲ့အတွက် ဥပဒေလမ်းကြောင်း အတိုင်း ခုံသမာဓိကို လွှဲထားတယ်။ အဲဒီစက်ရုံတွေက ကျပ် ၃၆ဝဝကြောင့် တော့ မဟုတ်ပါဘူး။ သူတို့ရဲ့စီးပွား ရေး အခြေအနေကြောင့် ပါ''ဟု လှိုင် သာယာမြို့နယ် အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်နိုင်က ဆိုသည်။

အဆိုပါစက်ရုံများသည်အထည် အမှာစာ များမရရှိခြင်း များကြောင့်ပိတ် သိမ်းခြင်းဖြစ်ကြောင်း၊ လုပ်သား လျှော့သည့်စက်ရုံများနှင့် အလုပ်ပိတ် သည့်စက်ရုံများသည် မြန်မာနိုင်ငံ သားပိုင်စက်ရုံများဖြစ်ကြောင်း၊ အဆို ပါလုပ်သားစာရင်းများသည်လှိုင်သာ ယာမြို့ နယ် အလုပ်သမားဝန်ကြီးဌာ နသို့ တရားဝင်အကြောင်းကြားကာ ပိတ်သည့်စာရင်းများဖြစ်ပြီး အဆိုပါ စက်ရုံများမှလွဲ၍ ထပ်မံ လုပ် သားလျှော့ ရန် စက်တင်ဘာ ၁ ရက်နေ့အထိ တင်ပြလာသည့် စက်ရုံများမရှိသေး ကြောင်းလည်း ဦးတင့်နိုင်ကပြော သည်။

ဧရာဝတီ ပန်းရိုက်စက်ရုံမှ အလျှော့ခံရသည့်လုပ်သား ၃၈ဦးအ တွက် ဩဂုတ်၃၁ ရက်တွင် လုပ်သား အကျိုးခံစားခွင့် ကျပ်ရှစ်ဆယ့်နှစ် သိန်းတစ်သောင်းကိုးထောင်နှစ်ရာ ငါးဆယ်(၈၂၁၉၂၅၀)ကျပ်၊ စံပယ်ပွင့် အထည်ချုပ်စက်ရုံမှ လုပ်သား ၂၃၇ ဦးအတွက် ကျပ်နှစ်ထောင့်ငါးဆယ့် ကိုးသိန်းသုံးသောင်းနှစ်ထောင်သုံး ရာ (၂၀၅၉၃၂၃၀၀) တို့ကို ဩဂုတ် လ၃၁ရက်နေ့တွင် အလုပ်သမားနစ် နာကြေးအဖြစ် ပေးအပ်ခဲ့ပြီး ယင်း နစ်နာကြေးအကျိုးခံစားခွင့်များကို လည်း လုပ်သားလျှော့ခံခဲ့ရသည့် လုပ် သားများက ရရှိခဲ့ကြောင်း လှိုင်သာ ယာမြို့နယ် အလုပ်သမားညွှန်ကြား ရေး ဦး စီးဌာနစာရင်းများအရ သိရ သည်။

လှိုင်သာယာစက်မှုဇုန်၌ စက် မှုဇုန်၁၃ဇုန်ရှိပြီး စက်ရုံ၊ အလုပ်ရုံပေါင်း တစ်ထောင်ကျော်ရှိကာ လုပ်သား ဦးရေ နှစ်သိန်းခွဲကျော်မှီ တင်း လုပ် ကိုင်လျက်ရှိကြောင်း သိရသည်။
Credit To >>> Democracy Today News

0 comments:

Post a Comment