2.9.15

အီးယူရဲ့အခွန်သက်သာခွင့်တွေကြောင့် ထိုင်းနယ်စပ်စီးပွားရေးဇုန်ထက် မြန်မာဘက်ခြမ်းရှိ မြ၀တီစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စား

ဥရောပသမဂ္ဂ (အီးယူ) ရဲ့ အခွန်သက်သာခွင့်တွေကြောင့် ထိုင်းနယ်စပ်က
စီးပွားရေးဇုန်ထက် မြန်မာ ဘက်ခြမ်းရှိ မြ၀တီစီးပွားရေးဇုန်မှာ လာရောက်
ရင်းနှီးမြှုပ်နှံဖို့ လုပ်ငန်းရှင်တွေက ပိုမို စိတ်ဝင်စားနေတယ်လို့ စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
အီးယူက ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေအတွက် ပေးထားတဲ့ အကောက်ခွန်
သက်သာခွင့်ကို မြန်မာနိုင်ငံက ရရှိထားရာ ထုတ်လုပ်မှုစရိတ်သက်သာပြီး
အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ အီးယူကို ပို့ကုန်တွေ တင်ပို့နိုင်မှာ ဖြစ်တဲ့
အတွက် မြ၀တီစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေနိုင်ပါတယ်။

ထိုင်းနိုင်ငံနယ်စပ်မှာလည်း မဲဆောက်စီးပွားရေးဇုန် အကောင်အထည်ဖော်
လျက်ရှိပြီး ထိုင်းစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ပေးတဲ့
အခွင့်အရေးတွေဟာ မြန်မာစီးပွားရေးဇုန်ကပေးတဲ့ အခွင့်အရေးတွေနဲ့အတူတူဖြစ်ပေမယ့် အီးယူရဲ့အကောက်ခွန်သက်သာခွင့်ကို ရရှိထားတဲ့ မြန်မာနိုင်ငံဘက်မှာသာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ကို လုပ်ငန်းရှင်တွေက ပိုမိုစိတ်ဝင်စား
နေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြ၀တီစီးပွားရေးဇုန်ကို မြေဧရိယာ
၁၉၈ ဒသမ ၀၂၆ ဧက (၀ ဒသမ ၈၀၁၄ စတုန်းရန်း ကီလိုမီတာ) မှာ
အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားပြီး ကရင်ပြည်နယ်ရှိ မြ၀တီမြို့
အနောက်ဘက် ၁၁ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။

မြ၀တီစီးပွားရေးဇုန်ဟာ အရင်က မြ၀တီ အထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်နဲ့ နီးကပ်နေတာကြောင့် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် ဥပဒေအရ မခွင့်ပြုနိုင်တာကြောင့် စီးပွားရေးဇုန်အဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြ၀တီစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက်
Nyi Naung Oo ကုမ္ပဏီကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၅ ခုနှစ် မတ် ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ
ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းမှာ မြ၀တီစီးပွားရေးဇုန်၊ ထိုင်းဘက်ခြမ်းမှာ မဲဆောက်စီးပွား
ရေးဇုန်တွေ တည်ဆောက် အကောင်အထည်ဖော်မှုကြောင့် မြန်မာ-ထိုင်း
နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့ နှစ်နိုင်လုံးက မျှော်လင့်ထားကြပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment