29.3.16

ရေထွက်များအပြင် သဘာဝရေထွက် ၉၉ ကန်ရှိသောကြောင့် ယင်းမာပင်ဒေသတွင် အပူဒဏ်သာခံရနိုင်ပြီး ရေမရှားပါ


အပူပိုင်းဒေသတွင် ကျရောက်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင်နှင့် ပုလဲနယ်တို့တွင်ယခုနှစ်အယ်နီညိုဖြစ်စဉ်ကြောင့် အပူဒဏ်ကို ခံရနိုင်သော်လည်း သောက်သုံးရေအတွက် ဒေသအတွင်းရှိအမြဲ ထွက်နေသော ရေထွက် များကြောင့် ရေရှားပါးမှု ကြုံရနိုင် ဖွယ် မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
''ရေရဖို့အရေး ရှေးရေတွင်း ကျယ်နက်နက်ကြီးတွေမှာ ရေတစ်ပုံးရဖို့အရေး လူအားသုံးပြီး ခပ်ကြရတာပါ။ သောက်ရေ၊သုံးရေအတွက် ကတော့ ပူဖို့မလို ပါဘူး''ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမာပင်ဒေသတွင် စိုက်ခင်းများအတွင်း ရေထွက်များရှိသောကြောင့် ဝန်းကျင်အတွင်း သောက်သုံးရေ အတွက် သာမ က ရေမှာတောက် လျှောက် အဆက်မပြတ် တွင်းတိုင်းမှ သဘာဝအလျောက် မြေကြီးအထက် တစ်တောင် ခန့် ထွက်နေသည်ကများသောကြောင့် စိုက်ခင်းသွယ်မြောင်း များမှ တစ်ဆင့် ရောက်ရှိနေစေမှုမှာ အမြဲတမ်းဖြစ်နေ၍ စိုက်ပျိုးပင် အများစု မှာ ဖြစ်ထွန်းအောင်မြင် မှုများကြောင်း သိရသည်။

အဆိုပါဒေသတွင် ရေထွက်များမှ ရေထွက်များနေရုံမက ၉၉ ကန်သော သဘာဝ ရေထွက်ကန်များမှလည်း ရေပိုမိုထွက်၍ ထွက်လာသောရေ ကြည်လင်သန့်ရှင်းစွာ အသုံးပြုရန် ရေလှောင်ကန်များကို ဒေသခံများနှင့် ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ဆောင်ရွက် ထားသဖြင့် သောက်သုံးရေအပြင် စိုက်ပျိုးရေအတွက်ပါ ပူပန်စရာမလိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment