29.3.16

မိခင်မှ ကလေးငယ်သို့ HIV ပိုးကူးစက်မှုကို ရုရှားက မကြာမီ တိုက်ဖျက်နိုင်မည်


မိခင်မှ ကလေးငယ်သို့ ခုခံအားကျဆင်းမှု ရောဂါဖြစ်သည့် HIV ပိုးကူးစက်မှုကို ရုရှားနိုင်ငံက မကြာမီ တိုက်ဖျက်နိုင်တော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ HIV/AIDS အစီအစဉ်မှ အမှုဆောင်ညွှန်ကြားရေးမှူးက မတ် ၂၅ ရက်တွင်ပြောကြားသည်။
ကမ္ဘာပေါ်တွင် မိခင်မှ ကလေးငယ်သို့ HIVနှင့် ကာလသားရောဂါ ကူးစက်မှု တိုက်ဖျက်နိုင်သည့် နိုင်ငံမှာ ကျူးဘားနိုင်ငံဖြစ်သည် ဟု ၂ဝ၁၅ ခုနှစ် ဇွန် ၃ဝ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါရုရှားနိုင်ငံသည်လည်း အဆိုပါ ရောဂါပိုးကူးစက်မှုကို တိုက်ဖျက်နိုင်သော နိုင်ငံဖြစ်လာမည် ဖြစ်ကြောင်းနှင့် မကြာမီ ကျူးဘားနိုင်ငံကဲ့သို့ ထုတ်ပြန်ကြေညာနိုင် တော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ HIV/AIDS အစီအစဉ် အမှုဆောင် ညွှန်ကြားရေး မှူး မီချဲဆစ်ဒီဘီက Sputnik သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားသည်။

သို့သော် အရှေ့ဥရောပနှင့် ဗဟိုအာရှ ဒေသတို့တွင် အသစ်တွေ့ရှိရသော HIVရောဂါပိုးကူးစက်ခံရသူ ၇ဝ ရာခိုင်နှုန်းသည် ရုရှားနိုင်ငံမှရောက်ရှိလာခြင်း ဖြစ်ကြောင်း ဆစ်ဒီဘီက ထောက်ပြပြောကြားသည်။

ရုရှားနိုင်ငံအတွင်းHIV ရောဂါခံစားနေ ရသူ ၈၅ဝဝဝဝ နှင့် ၁ ဒသမ ၃ သန်းကြား ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များ အရသိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment