29.3.16

ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်သည့် နူမိုကောကပ်စ်ပိုး ကာကွယ်ဆေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနိုင်ရန် ပြင်ဆင်

ဗက်တီးရီးယားပိုးတစ် မျိုးဖြစ်သည့် နူမိုကော့ကပ်စ်ပိုး ကြောင့် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားနိုင်၍ ယင်းပိုးကာ ကွယ်ဆေးကို ယခုနှစ်အတွင်း အမျိုးသားကာကွယ်ဆေးထိုးစီမံ ချက်၌ ထည့်သွင်းပြီး မြန်မာတစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံ နိုင်ရန်ပြင်ဆင်နေကြောင်း ကလေး ကျန်းမာပညာဌာန အငြိမ်းစား ပါမောက္ခ(ဌာနမှူး) ဒေါက်တာ စောဝင်းက ပြောသည်။

ဦးနှောက်အမြှေးရောင် ဖြစ် ပွားစေသည့် ဗက်တီးရီးယားပိုး သုံးမျိုးရှိကြောင်း၊ ယင်းပိုးသုံးမျိုး ထဲမှ H influenzae ပိုးအတွက် ကာကွယ်ဆေးကို ကလေးအ သက် နှစ်လ၊ လေးလ၊ ခြောက်လ တွင် အမျိုးသားကာကွယ်ဆေးထိုးစီမံချက် ငါးမျိုးစပ်ကာကွယ် ဆေး၌ ထည့်သွင်းထိုးနှံပေးနေ ကြောင်း၊ နူမိုကော့ကပ်စ်ပိုး (Pneumococci)အတွက် ကာ ကွယ်ဆေးထိုးနှံရန် စီမံချက်တွင် ထည့်သွင်းပြင်ဆင်နေပြီး ၂၀၁၆ ဇူလိုင်တွင် ထိုးနှံပေးမည်ဟု ခန့် မှန်းထားကြောင်း ၎င်းကဆိုသည်။
‘‘နူမိုကော့ကပ်စ်ပိုးက ဦး နှောက်အမြှေးရောင်လည်း ဖြစ် စေတယ်။ အဆုတ်အအေးမိရင် လည်း ဖြစ်စေတယ်။ အဲဒီအတွက် အသက်(၁)နှစ်အောက် ကလေး ငယ်တွေမှာ တစ်ပြည်လုံးအတိုင်း အတာနဲ့ ထိုးနှံပေးနိုင်အောင် ပြင် ဆင်နေတယ်။ အခုထိုးပေးနေတဲ့ H influenzae ပိုးဆိုရင်လည်း ဦးနှောက်အမြှေးရောင်ရော အဆုတ်အအေးမိရင်ပါ ဖြစ်စေတာပဲ။ ဒါကြောင့် အသက်နှစ်လ၊ လေးလ၊ ခြောက်လ ကလေးငယ်တွေမှာ ငါးမျိုးစပ်ကာကွယ်ဆေး ထိုးပေးနေတာ။ အခု နူမိုကော့ကပ်စ်ပိုးအတွက် ကာကွယ်ဆေး (PCV)ကိုလည်း နှစ်လ၊ လေးလ၊ ခြောက်လမှာ ထိုးနှံပေးသွားမယ်’’ ဟု ဒေါက်တာစောဝင်းကဆိုသည်။
လတ်တလော ဗက်တီးရီး ယားပိုး (Meningococci)ကြောင့် ဖြစ်ပွားနေသည့် ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကို ကာကွယ်ဆေးထိုးနှံရန် အစိုးရက တစ်ပြည်လုံးအတိုင်း အတာဖြင့် မလုပ်ဆောင်နိုင်သေး သော်လည်း ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော သာစည်မြို့နယ် ရှိ ကျေးရွာအချို့နှင့် ယင်းနေရာတွင် စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါ ဖြစ်ပွားခဲ့သည့် တောင်ဒဂုံမြို့နယ်တို့တွင် ထိုးနှံပေးရန် စီစဉ် နေကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။
ကာကွယ်ဆေးထိုး စီမံချက် တွင် ကလေးအသက် နှစ်လ၊ လေးလ၊ ခြောက်လတွင် ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပြီး ယခုဆို လျှင် နူမိုကော့ကပ်စ်ပိုး(PCV)အတွက် ပါဝင်လာမည်။ ကလေး လေးလတွင် ပိုလီယိုကာကွယ်ဆေး အကြောဆေးထိုးပေးမည်။ ထို့ကြောင့် ကလေးအသက် လေးလတွင် ကာကွယ်ဆေးသုံးမျိုး ထိုး နှံရမည်ဖြစ်သည်။
ထို့ပြင် မိဘများအနေဖြင့် ကလေးအသက် ကိုးလတွင် ၀က်သက်နှင့် ဂျိုက်သိုးရောဂါအတွက် ကာကွယ်ဆေးထိုးနှံရမည်။ ကလေး အသက်(၁)နှစ်ခွဲတွင် ၀က်သက်ကာကွယ်ဆေး ထပ်မံထိုးရမည်။ ၀က်သက်ရောဂါကြောင့် လည်း ဦးနှောက်ရောင်ခြင်း ဖြစ် တတ်သဖြင့် မိဘများက မမေ့မ လျော့ ထိုးနှံရမည်ဖြစ်သည်။
‘‘အခုလို ကာကွယ်ဆေးတွေ သာ မပျက်မကွက် ပုံမှန်ထိုးသွား မယ်ဆိုရင် ကလေးတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်။ ဦးနှောက်အမြှေးရောင်ဖြစ်စေတဲ့ ဗက်တီးရီးယားပိုး သုံးမျိုးထဲက နှစ်မျိုးကို ကာကွယ်ပြီးသားဖြစ် သွားမယ်။ အဆုတ်အအေးမိအ ဖြစ်အများဆုံး ပိုးနှစ်မျိုးကိုလည်း ကာကွယ်ပြီးသားဖြစ်မယ်။ ဒါ ကြောင့် ကလေးတွေရဲ့ သေ ပျောက်နှုန်း၊ ရောဂါဖြစ်နှုန်းဟာ အများကြီးလျော့ကျမယ်လို့ မျှော် လင့်တယ်’’ဟု ဒေါက်တာစောဝင်း က ပြောသည်။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် Japan Encephalitis (ဂျပန်ဦးနှောက်ရောင်ရောဂါ) သည်လည်း ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ရှိနေပြီး အစိုးရက ၂၀၁၇ နောက်ပိုင်းတွင် အမျိုးသား ကာကွယ်ဆေးထိုးစီမံချက်တွင် ထည့် သွင်းရန် ကြိုးစားနေသည်။ လက် ရှိတွင် ရောဂါဖြစ်ပွားသည့် နေ ရာအချို့၌ နိုင်ငံတော်က ထိုးနှံ ပေးနေကြောင်း သိရသည်။ ဂျပန် ဦနှောက်ရောင်ရောဂါ ကာကွယ် ဆေးကို ပုဂ္ဂလိကဆေးရုံများတွင် လည်း ၀ယ်ယူထိုးနှံနိုင်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment