29.3.16

မြန်မာ့ Banking စနစ် ပိုမိုခိုင်မာလာပါက အိုင်တီပစ္စည်းဈေးနှုန်းများ ကျဆင်းလာနိုင်


မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ Banking System ပိုမိုခိုင်မာလာပါက အိုင်တီပစ္စည်းနှင့်စပ်လျဉ်း၍ ဈေးကွက်ရှိ ရောင်းချဈေးနှုန်းများ ပြန်လည်ကျဆင်းလာနိုင်ကြောင်း LIFE SQUARE မှ ဈေးကွက်မန်နေဂျာ ဦးတေဇာတင်ဦးက ပြောသည်။
 
ယခုအခါ မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ် ဈေးကွက်အရ Shopping Mall များ ခေတ်စားလာပြီဖြစ်၍ အနာဂတ်ကာလအတွင်း ဈေးကွက်များပိုမိုဖွံ့ဖြိုးများပြားတိုးတက်လာနိုင်စရာအကြောင်းရှိနေကြောင်း၊ အနာဂတ် ကာလအတွင်း အစိုးရသစ်ပြောင်းလဲတော့မည်ဖြစ်၍ စတော့ဈေးကွက်များလည်း လှုပ်ရှားကစားလာပြီဖြစ်သောကြောင့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ဈေးကွက် စီးပွားရေးစနစ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်းဖြင့် မတ် ၂၇ ရက် နံနက်ပိုင်းက Myanmar Plaza ရှိ မြန်မာနိုင်ငံ၌ ပထမဦးဆုံးဖွင့်လှစ်ခဲ့သော LIFE SQUARE IT MALL ဖွင့်ပွဲအခမ်းအနား၌ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားအရ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် သင်္ကြန်ကာလရောက်ရှိတော့မည်ဖြစ်ရာ သင်္ကြန်အထူးဈေးရောင်းပွဲတော်များကို နေရာအသီးသီး၌ပြုလုပ် ရောင်းချနေကြခြင်းဖြစ်ပြီး ပြပွဲလာပရိသတ်များအတွက် လူမှုပတ်ဝန်းကျင်တွင် မရှိမဖြစ်လိုအပ်သော IT and electronics ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်း၌ Mall တစ်ခုအနေဖြင့် ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ကာ Life Square IT and electronics shopping mall အား Myanmar Plaza ဒုတိယထပ်၌ ဖွင့်လှစ်ထားပြီဖြစ် သောကြောင့် ပြပွဲလာပြည်သူများအတွက် အိုင်တီဆက်စပ် ပစ္စည်းများကို အချိန်မကုန် လူမပင်ပန်းဘဲ တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်တော့မည်ဖြစ်သည်။

LIFE SQUARE မှ ဈေးကွက်မန်နေဂျာ ဦးတေဇာတင်ဦးက ''ဒီနေ့ကတော့ အခြားနိုင်ငံတွေ ရောင်းချတဲ့ပုံစံနည်းတူ အိုင်တီပစ္စည်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို Mall တစ်ခုအနေနဲ့ ပြုလုပ်လိုက်တာပါ။ ကုမ္ပဏီ ပေါင်း ၁၇ ခုကနေ ပစ္စည်းအမျိုးအစားပေါင်း ရာချီရောင်းချပြီး ဈေးနှုန်းတွေအရလည်း ကုမ္ပဏီတွေက တိုက်ရိုက်လာရောင်းချကြလို့ ဈေးနှုန်းချိုသာပါတယ်။ ပြပွဲလာပရိသတ်တွေအတွက် ပရိုမိုးရှင်းကာလမှာ ဧပြီ ၉ ရက်အထိ ပြသရောင်းချပေးသွားဦးမှာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ပထမဦးဆုံးခင်းကျင်းပြသရောင်းချ နေသောအဆိုပါ Life Square IT and electronics shopping mall ၌ အိုင်တီနည်းပညာအသစ်အဆန်းများ နှင့် အီလက်ထရွန်နစ် ပစ္စည်းအသစ်အဆန်းများကို ပြပွဲလာပရိသတ်အတွက် ခင်းကျင်းပြသရောင်းချပေးနေပြီ ဖြစ်ကြောင်း LIFE SQUARE မှ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment