13.6.16

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချစ်ကြည်ရေးစက်ဘီးစီး

မြန်မာ (ကော့သောင်း)-ထိုင်း (ရနောင်း)နှစ်နိုင်ငံနယ်စပ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချစ်ကြည်ရေး စက်ဘီးစီးနင်းပွဲကို ဇွန် ၁၂ ရက် နံနက် ၈ နာရီက ကော့သောင်းမြို့ နာရီစင်ရှေ့တွင် စတင်ကျင်းပသည်။

အခမ်းအနားသို့ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များမှ စက်ဘီးစီးအဖွဲ့ဝင်များ တက်ရောက်သည်။
စက်ဘီးစီးအဖွဲ့ဝင်များ နေရာယူ ပြီး ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်က အမှာစကား ပြောကြားသည်။ ထို့နောက် ထိုင်းနိုင်ငံ ရနောင်းခရိုင် အုပ်ချုပ်ရေးမှူး Mr. Suriyun Kanjanasilp က ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး ချစ်ကြည်ရေး စက်ဘီးစီးနင်း ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးစက်ဘီး စီးနင်းပွဲတွင် ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်များမှ စက်ဘီးစီးသမား ၄ဝဝ ခန့်ပါဝင်ပြီး၊ မြန်မာနိုင်ငံ ကော့သောင်း ခရိုင်အတွင်းရှိ မလိဝမ်းကျေးရွာသို့ ၂၈ မိုင် ခရီးကို စီးနင်းကြသည်။
အဆိုပါ စက်ဘီးစီးနင်းပွဲကို အာဆီယံမိသားစုဝင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံ နယ်စပ်ခရိုင်များမှ ပြည်သူများအချင်းချင်း အပြန်အလှန်ခရီးသွားလာမှု၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးရည်ရွယ်၍ ကော့ သောင်းခရိုင်မှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment