4.7.16

ကမ္ဘာ့အွန်လိုင်းဈေးရောင်းဈေးဝယ်ကဏ္ဍမှာ အာဆီယံများစွာနောက်ကျနေ

အဓိက အာဆီယံစီးပွားရေးနိုင်ငံတွေထဲမှာ ရှိနေကြတဲ့ လူခြောက်
ဦးထဲက တစ်ယောက်လောက်ကပဲ အွန်လိုင်းကနေ ဈေးရောင်းဈေး
ဝယ်မှု (e-commerce) တွေကို လုပ်ဆောင်လျက်ရှိတာကြောင့်
အလျင် အမြန်တိုးတက်လာနေတဲ့ ဒေသရဲ့အီလက်ထရောနစ်
ကုန်သွယ်မှုက ယခုမှအစပျိုးအဆင့်မှာပဲရှိနေသေးတယ်ဆိုပြီး
အစီရင်ခံစာတစ်ရပ်မှာဆိုထားပါတယ်။
အမေရိကန်အခြေစိုက် အတိုင်ပင်ခံကုမ္မဏီ AT Kearney နဲ့
CIMB Asean Research Institute တို့က ပူးတွဲထုတ်ပြန်ခဲ့တဲ့
အစီရင်ခံစာမှာတော့ အာဆီယံနိုင်ငံတွေဟာ အခြားဖွံ့ဖြိုးပြီး
ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အွန်လိုင်းအင်တာနက်က
နေ ကုန်သွယ်မှုပိုင်းနောက်ကျကျန်နေရစ်တယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်းမှာ အဓိကကျတဲ့ စီးပွားရေးခြောက်နိုင်ငံ
(အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ဗီယက်နမ်)
ရဲ့ e-commerce ပိုင်းမှာ စုစုပေါင်းလုပ်ဆောင်ထားမှုဟာ
ကမ္ဘာ့အွန်လိုင်း လက်လီလုပ်ငန်းရဲ့ ၁ ရာခိုင်နှုန်းထက်တောင်
နည်းနေသေးတယ်လို့ ဆိုထားပါတယ်။

" e-commerce က အရှေ့တောင်အာရှဒေသမှာ ဖွံ့ဖြိုးမှု
အားနည်းနေပါသေးတယ်၊ ကမ္ဘာ့စုစုပေါင်းအွန်လိုင်းလက်
လီလုပ်ငန်းပိုင်းရဲ့ အရောင်းအားလုံးရဲ့ ၁ ရာခိုင်နှုန်းသာသာ
ပဲရှိနေပါသေးတယ်၊ တစ်ခြား ဥရောပတို့၊ တရုတ်တို့၊အမေရိ
ကန်တို့ဆိုရင် ကမ္ဘာ့စုစုပေါင်းဈေးကွက်ရဲ့ ခြောက်ရာခိုင်နှုန်း
ကနေ ရှစ်ရာခိုင်နှုန်းထိ အသီးသီး ရရှိနေကြပြီဖြစ်ပါတယ်" လို့ ယင်းအစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ယခုလို e-commerce လက်လီဈေးကွက်
ဖွံ့ဖြိုးလာခြင်းက ဒေသတွင်းမှာ အာဆီယံစီးပွားရေးအသိုက်
အ၀န်း ထူထောင်ခြင်းနဲ့အတူ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု
လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ပေးစွမ်းနိုင်မယ်
လို့လည်း ဖော်ပြထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment