4.7.16

မြန်မာ နဲ့ ထိုင်းနှစ်နိုင်ငံကုန်သွယ်မှု၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၀ဘီလီယံရှိလာဖို့ ပစ်မှတ်ထား

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးချုပ် ဖြစ်တဲ့ Prawit Wonsuwan ဟာ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ခဲ့ပြီးတော့ ၂၀၁၇ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏကို အမေရိကန်ဒေါ်လာ
၂၀ ဘီလီယံ အထိတိုးမြင့်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်ဖို့သဘော
တူခဲ့ တယ်လို့ ethailand သတင်းဌာနမှာဖော်ပြခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာ မြန်မာနဲ့ထိုင်းတို့ရဲ့ ကုန်သွယ်မှုပမာဏက
အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ၀န်းကျင်ရှိနေပါတယ်။ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာရရဲ့ အချက်အလက်တွေအရ နှစ်နိုင်ငံ
နယ်စပ်ကုန်သွယ်ရေးပမာဏ ဟာ ပုံမှန်တိုးတက်မှုရှိနေပြီးတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း၈၀၀ ရှိခဲ့တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံသမ္မတဦးထင်ကျော်နဲ့ ဗိုလ်ချုပ် Prawit Wonsuwan တို့ဟာ
နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်နဲ့လည်းတွေ့ဆုံ
ခဲ့ပြီးတော့ ထားဝယ်အထူးစီးပွားရေးဇုန် အကြောင်းကိုလည်ဆွေးနွေး
ခဲ့ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အစဦးတုန်းက ထိုင်းနိုင်ငံ
မြန်မာနှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်ဖို စီစဉ်ခဲ့တဲ့
ပရောဂျက်ဖြစ်ပြီး အလုပ်အကိုင်နေရာပေါင်း ထောင်ပေါင်းများစွာ
ဖန်တီးကာ မြန်မာနိုင်ငံGDP ရဲ့ ၅ ရာခိုင်နှုန်းခန့်ထုတ်လုပ်နိုင် ဖို့
ရည်ရွယ်ခဲ့တာဖြစ်ပါတယ်၊အကြောင်းကြောင်း ကြောင့် ကြန့်ကြာ
နေခဲ့သော်လည်း အခုအချိန်မှာ တော့ စီမံကိန်းကိုပြန်လည်အကောင်
အထည်ဖော်ဖို့အတွက်စီစဉ်နေကြတာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment