4.7.16

နေပြည်တော် ပြည်သူ့လွှတ်တော်ရုံးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် (တနင်္လာနေ့) နံနက် ၁ဝ နာရီအချိန်တွင် စတင် ကျင်းပရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေး သို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော် ရုံးအမှတ်(၂ဝ)၊ လွှတ်တော်ရုံးသို့ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်(စနေနေ့)ထက်မစော၊ ဇူလိုင်လ ၂၄ ရက် (တနင်္ဂနွေနေ့) ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment