4.7.16

ကိုလိုနီခေတ် ဥပဒေများကို ဖျက်သိမ်းခြင်း (သို့မဟုတ်) ပြင်ဆင်ခြင်း ပြုလုပ်ရန် HRW တိုက်တွန်း

မြန်မာအစိုးရသစ်အနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်း ခြောက်သော ကိုလိုနီခေတ် ဥပဒေများကို ဖျက်သိမ်းခြင်း (သို့ မဟုတ်) ပြင်ဆင်ခြင်းပြုလုပ်သင့် ကြောင်း လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့ကြီးဖြစ်သည့် HRW က ဇွန်လ ၂၉ ရက်တွင် အစီရင်ခံ စာ ထုတ်ပြန်တိုက်တွန်းခဲ့သည်။


‘သူတို့က ဘယ်အချိန်မဆို ခင်ဗျားကို ဖမ်းနိုင်တယ်။ မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းသော ဖော်ပြမှု ကို ပြစ်မှုအဖြစ် ဥပဒေပြုပြဋ္ဌာန်း သတ်မှတ်ခြင်း’ဆိုသည့် စာမျက် နှာ ၁၁၃ မျက်နှာပါ အစီရင်ခံစာ ကို ထုတ်ပြန်၍ HRW က ထောက် ပြတိုက်တွန်းခြင်းဖြစ်သည်။ အစီ ရင်ခံစာ၌ ထိုကဲ့သို့ ဥပဒေများကို ဖျက်သိမ်းရေး (သို့မဟုတ်) ပြင်ဆင်ရေးအတွက် အသေးစိတ် အ ကြံပြု ထောက်ခံချက်များလည်း ဖော်ပြထားသည်။
အစီရင်ခံစာကို မြန်မာနိုင်ငံ ၏ ရာဇသတ်ကြီးဥပဒေ၊ ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေတို့ကို ပြည့်ပြည့်စုံစုံ လေ့လာဆန်းစစ်မှုအပေါ် အခြေခံထားသည်။ ဒီချုပ်အစိုးရအား အချိန်မဆိုင်း ဘဲ ကိုင်တွယ်သင့်သည့် ဥပဒေပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့် ပြီးတစ်ဆင့် အသေးစိတ် အကြံပြုချက်များလည်း ပါဝင်သည်။
မြန်မာအစိုးရအဆက်ဆက် သည် ကျယ်ပြန့်ပြီး အဓိပ္ပာယ် မတိကျ၊ မပြတ်သားသော စကား လုံးများဖြင့် ဥပဒေများကို ပြဋ္ဌာန်း ထားကြောင်း HRW အာရှညွှန် ကြားရေးမှူးက ဆိုသည်။ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်က ဦး ဆောင်သော အစိုးရသစ်အနေ ဖြင့် ငြိမ်းချမ်းစွာဖော်ပြမှု (သို့မ ဟုတ်) ဆန္ဒထုတ်ဖော်မှုတို့ကြောင့် အကျဉ်းချခံခဲ့ရသူများကို အလျင် အမြန် လွှတ်ပေးခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
‘‘ဒါပေမဲ့ မြန်မာအနေနဲ့ နောက်တစ်ကြိမ်ထပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ချုပ်ချယ် မယ့် အခွင့်အလမ်းမရှိတော့ဖို့ အတွက် ဥပဒေဆိုင်ရာ ဖိနှိပ်ထား တဲ့ အခြေခံအဆောက်အအုံကို တစ်စတစ်စနဲ့ စနစ်တကျ ဖျက် သိမ်းဖို့က အရေးပါတယ်’’ဟု HRW အာရှညွှန်ကြားရေးမှူး ဘရဒ်အာဒမ်စ်က ပြောသည်။
ဒီချုပ်အစိုးရအနေဖြင့် နိုင်ငံ ရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ကို သံတိုင်များနောက် ထည့်ခဲ့ဖူးသော ဥပဒေဆိုင်ရာဖိနှိပ်မှု တည်ဆောက်ပုံမှာ ကြီးကြီးမားမား ဆက်လက်တည် ရှိနေဆဲဖြစ် ကြောင်း ဖော်ပြထားသည်။ ကန့်သတ်ဖိနှိပ်သော ဥပဒေအချို့ ကို ပြောင်းလဲပြင်ဆင်ရန် ဒီချုပ်၏ အဆိုတင်သွင်းထားသော အ ပြောင်းအလဲများမှာ တိုးတက်မှုတစ်ခုဖြစ်သော်လည်း လုံလောက်သော အတိုင်းအတာထိ မရောက်သေးဟု ထောက်ပြသည်။
‘‘ရဲက အိမ်တံခါးလာခေါက် မှုမရှိဘဲ (ဒါမှမဟုတ်) ပြစ်မှုမရှိဘဲ တရားရုံးထဲ အတင်းဆွဲသွားပြီး တရားစွဲခံရတာမျိုးမရှိဘဲနဲ့ လူတိုင်းရဲ့အမြင်တွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ပြနိုင်ဖို့အတွက် မြန်မာဥပဒေကို ပြင်ဆင်မွမ်းမံခွင့်၊ လုပ်ပိုင်ခွင့်အာဏာတစ်ရပ် အစိုးရသစ်မှာရှိတယ်။ ဒါပေမဲ့ ရဲရင့်သတ္တိရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် ပြတင်းပေါက်ဟာ ထာဝရပွင့်နေမှာမဟုတ်ပါဘူး။ အဲဒီတော့ အစိုးရသစ်အနေနဲ့ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပချိန်မှာ သူ့ရဲ့အစည်းအဝေး အစီအစဉ်ထိပ်ဆုံးမှာ ဒါကိုထားသင့်ပါတယ်’’ဟု ဘရဒ်အာဒမ်စ်က ပြောသည်။
ယခုလ၌ ဆက်သွယ်ရေးမှ စ၍ အသရေဖျက်မှုအထိ ဥပဒေ အမျိုးမျိုးဖြင့် အနည်းဆုံး လူ ၇၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း အစီရင်ခံစာရေးသားသူ Linda Lakhdhir က ထောက်ပြသည်။
Credit To >>> 7  Day Daily

0 comments:

Post a Comment