4.7.16

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း ရခိုင်အမျိုးသားပါတီ ရန်ကုန်တွင် သတင်းစာရှင်းမည်



ပြည်သူလူထုနှင့် ဌာနဆိုင်ရာအဆင့်ဆင့်ပုဂ္ဂိုလ်များ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အကြောင်းအား သိရှိနားလည်စေရေး အတွက် သတင်းစာရှင်းလင်းပွဲကို ရခိုင်အမျိုးသားပါတီမှ ဇူလိုင်လလယ် ပိုင်း၌ ရန်ကုန်မြို့ တွင်ပြုလုပ်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောသည်။

" ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကို နိုင်ငံသူ၊ နိုင်ငံသားများ ရှင်းရှင်း လင်းလင်း သိရှိအောင်၊ ဒီဥပဒေကို တလွဲသုံးနေကြတာတွေရှိ တယ်။ အဲဒီ တော့ ပြည်သူလူထုဘက်က သဘော ထားလေးတွေ ဒီဥပဒေအတိုင်း တိတိ ကျကျလိုက်နာဖို့ ကဏ္ဍတွေအရေး ကြီးလို့ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံရေးပါတီ တွေလည်းသိရှိအောင် ဂျာနယ်တွေ ကလည်း သိအောင်ပေါ့ ဗျာ။ အားလုံး သိအောင် ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုလုပ်မယ်ဆိုတဲ့သဘော ပါ။ ကျွန်တော်တို့ဘက် က ၈၂ နိုင်ငံ သားဥပဒေကို တိတိကျကျ ကျွန်တော် တို့ဘက်က ရှင်းလင်းချင်လို့ပါ။ ပညာရှင် တွေကို ကျွန်တော်တို့စုစည်းထားပါ ပြီ။ ကာလကတော့ ဇူလိုင်လလယ် လောက်ဖြစ်မယ်။ နေရာလေးတွေကို တော့ သီးသန့်ကြေညာပေးမယ်။ ရန်ကုန်မှာပဲဖြစ်မှာပါ" ဟု ဇူလိုင် ၃ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအခန်း(၁၅)အပိုဒ်ခွဲ (က)၏ပြဋ္ဌာန်းချက် အရ နိုင်ငံသားတစ်ဦး သည် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြု ကာမျှဖြင့် နိုင်ငံ သား အဖြစ် အလိုအ လျောက်မဆုံးရှုံးစေရ၊ အပိုဒ်ခွဲ(ခ)တွင် နိုင် ငံခြား သားတစ်ဦးသည် နိုင်ငံ သားနှင့်အိမ်ထောင်ပြု ကာမျှဖြင့် နိုင်ငံ သားအဖြစ် အလိုအလျောက်မရရှိ စေရဟုပြဋ္ဌာန်းပါရှိပြီး နိုင်ငံသားဖြစ် ခွင့်ရှိသူနှင့် နိုင်ငံ သားဖြစ် ခွင့်မရှိသူ များအား တိကျစွာပြဋ္ဌာန်းထားသည့် အခန်းကဏ္ဍများ ပါဝင်သည်။

ယင်းနိုင်ငံသားဥပဒေမှာ နိုင်ငံ သားမှတ်ပုံတင်ခွင့်ကိစ္စနှင့် ပတ်သက် ပြီး ပြီးပြည့်စုံသည့်ဥပဒေတစ်ခုဖြစ် သော်လည်း အဓိပ္ပာယ်တလွဲဖြင့် အသုံးပြုနေကြသည်ဟု ဒေါက်တာ အေးမောင်က ပြောကြားခဲ့သည်။

" အခုဒီဥပဒေကိုတချို့က အဓိ ပ္ပာယ်တစ်မျိုးဖွင့်ပြီးမှ သုံးချင်သလို သုံးနေကြ တယ်။ ပေးချင်သလိုပေး နေကြတယ်။ အဲဒါလေးတွေက ဥပဒေ ကိုချိုးဖောက် တာဖြစ်မဖြစ်ပေါ့ဗျာ။အဲဒီလိုချိုးဖောက်တဲ့အဖွဲ့အစည်းတွေ က အစိုးရဖြစ်ခဲ့ရင်ရော၊ အစိုးရ၀န် ထမ်းတွေဖြစ်ခဲ့ရင်ရော ဘယ်လိုအ ရေး ယူမှာလဲ။ ဒါလေးတွေကအရေး ကြီးတယ်။ နိုင်ငံသား မှတ်ပုံတင်ပေး တာနဲ့ပတ်သက်လို့ ၁၉၈၂ ခုနှစ် နိုင်ငံ သားဥပဒေက ပြီးပြတ်ပြီးဖြစ်တယ်။ အဲဒါကို တလွဲအဓိပ္ပာယ်ဖွင့်တယ်ဗျ။ အဲဒါမျိုးတွေနဲ့ ကျွန်တော်တို့ ရခိုင် ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို အ နှောင့်ယှက်ပေးတာမျိုးဖြစ်နေ တယ်" ဟုဆိုသည်။

Credit To >>> Democracy Today

0 comments:

Post a Comment