4.7.16

ဗီယက်နမ်လေကြောင်းလိုင်း Vietjet က ရန်ကုန်-ဟိုချီမင်း-ထိုင်ဝမ်ခရီးစဉ် တိုးချဲ့ပြေးဆွဲမယ်

ဗီယက်နမ်နိုင်ငံရဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Vietjet
က ရန်ကုန်-ဟိုချီမင်း-ထိုင်ဝမ် တိုးချဲ့ခရီးစဉ်ပြေးဆွဲမယ်လို့
Vietjet ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်ခရီးသွားများအတွက် ဟိုချီမင်းမှတစ်ဆင့် ထိုင်ဝမ်ရှိ ထိုင်နန်သို့
သွားရောက်နိုင်မယ့် နိုင်ငံတကာခရီးစဉ်အသစ်ကို Vietjet က တိုးချဲ့လိုက်တာဖြစ်ပါတယ်။
ဟိုချီမင်း-ထိုင်နန်ခရီးစဉ်က ဟိုချီမင်းနဲ့ ထိုင်ဝမ်နိုင်ငံတို့အကြား
တိုးချဲ့လိုက်တဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းဖြစ်ပြီး
အပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ စနေနေ့တိုင်းမှာ
ပျံသန်းမှာဖြစ်ပါတယ်။
Vietjet ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Ms. Nguyen Thi Thuy Binh က
“ ဒီခရီးစဉ်ကြောင့် ထိုင်ဝမ်ကနေ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေဆီ
သွားလာနေကြတဲ့ ထိုင်ဝမ်နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ
ရှိတဲ့ ခရီးသွားတွေနဲ့ စီးပွားရေးသမားတွေကို
အကျိုးကျေးဇူးဖြစ်စေမှာပါ၊ ဇွန်လ ၁၈ ရက်တုန်းကလည်း
Vietjet က ထိုင်ပေ-ဟိုချီိမင်း ပျံသန်းတဲ့ ခရီးစဉ်ကို
တစ်ရက် ၂ ကြိမ်တိုးချဲ့ပျံသန်းခဲ့ပါတယ်၊ အခု
တိုက်ရိုက်ပျံသန်းမှုကြောင့် ခရီးသွားလာနှုန်းဟာ
ပိုပြီး မြင့်တက်လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
တိုးချဲ့ပြေးဆွဲမယ့်ခရီးစဉ်သစ်တွေကြောင့် လူမှုဆက်သွယ်ရေး၊
စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖလှယ်ခြင်းများကို ပိုမိုတိုးတက်စေမယ်လို့
Vietjet က မျှော်မှန်းလျက်ရှိပါတယ်။
Vietjet က လေယာဉ်များကို တိုးတက်ခေတ်မီနေစေဖို့အတွက်
လုပ်ဆောင်လျက်ရှိပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ
လေကြောင်းလိုင်းများကိုလည်း တိုးချဲ့ကာ ခရီးသွားအဖွဲ့များ၊
တစ်ဦးချင်းခရီးသွားများနဲ့ စီးပွားရေးလုပ်ငန်း သမားများအတွက်
လိုအပ်လျက်ရှိတဲ့ ခရီးသွားဝန်ဆောင်မှုကို မြှင့်တင်ပေးနေတယ်လို့
Vietjet က ဆိုပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment