1.7.16

ကမ္ဘာ့အကြီးဆုံး စိန်ရိုင်းတုံးကြီး လန်ဒန်လေလံပွဲ တွင် ရောင်းမထွက်ခဲ့

Lesedi La Rona အမည်ရှိ ကမ္ဘာ့အကြီးဆုံး စိန်ရိုင်းတုံးကြီးအား လန်ဒန် လေလံပွဲတွင် ကန်ဒေါ်လာ သန်း ၇၀ ခေါ်ဈေး အား ပေးဝယ်နိုင်သူမရှိသဖြင့် ရောင်းမထွက်ခဲ့ကြောင်း သိရသည်။ ယင်းစိန်တုံးဟု အလေးချိန်မှာ ၁,၁၀၉ ကာရတ်ခန့်ရှိပြီး အရွယ်အစားမှာ တန်းနစ်ဘောလုံး တစ်လုံး ခန့်ရှိကြောင်းသိရသည်။ စိန်ရိုင်းတုံးကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၂ ဒဿမ ၅ ဘီလီယံ ခန့်ရှိကြောင်းသိရသည်။
လန်ဒန်တွင်ကျင်းပသော လေလံ ပွဲ ၌ အဆိုပါစိန်တုံးကြီးအား ပထမဦးဆုံး လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နှစ်ချို့စိန်ရိုင်းတုံးကြီးအား Lucara စိန်ကုမ္မဏီ ၏ Karowe မိုင်း တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာတွင် စတင်တူးဖော်ရရှိခဲ့သော စိန်ဖြစ်ကြောင်း ထပ်မံသိရသည်။Lucara ကုမ္မဏီအနေဖြင့် Rona စိန်တုံးမှာ ဒုတိယ တွေ့ရှိသောစိန်တုံးဖြစ်ပြီး ပထမစိန်တုံးအား ကန်ဒေါ်လာ ၆၃ သန်းဖြင့်စံချိန်တင်ရောင်းခဲ့သည့်အပြင် ယင်းစိန် တုံးမှာ ၈၁၃ ကာရတ်သာရှိကြောင်းသိရသည်။
ယင်းစိန်တုံးအား လန်ဒန်လေလံပွဲတွင် အမြင့်ဆုံး ကန်ဒေါ်လာ ၆၁ သန်းထိလေလံဈေးပေးခဲ့သူရှိသည်ဟု သိရသည်။ စိန်တုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ ၇၁ သန်းရှိပြီး ၁ ကာရတ်လျှင် ကန်ဒေါ်လာ ၆၂,၀၀၀ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ Graff Diamond ၏ CEO မှ Rona မှာဈေးအကြီးဆုံးဖြစ်ကြောင်းနှင့် အရည်အသွေးမှာ အမြင့်ဆုံးဖြစ်ကြောင်းသိရသည်။
Credit To >>> Democracy Today

0 comments:

Post a Comment