1.7.16

မူးယစ်ရမ်းကားသူကိုဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသတ်ပုတ်သဖြင့် မိုင်းယန်းရဲစခန်းမှူး အိမ်ပေါ်မှပြုတ်ကျသေဆုံး

ရှမ်းပြည်နယ် မိုင်းယန်းမြို့တွင် ဇွန် ၂၈ ရက်က နေ အိမ်အတွင်း မူးယစ်ရမ်းကားနေသူကို သတင်းအရ ရဲတပ်ဖွဲ့မှဝင်ရောက် ဖမ်းဆီးရာမှ မူးယစ်ရမ်းကားသူမှ ပြန်လည်ခုခံသတ်ပုတ်ခြင်းကြောင့် မိုင်းယန်းရဲစခန်းစခန်းမှူးမှာ နှစ် ထပ်အိမ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ သည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

ဇွန် ၂၈ ရက်ည ၇ နာရီဝန်း ကျင်အချိန်ခန့်က မိုင်းယန်းမြို့နယ် ဟော်ကန် ရပ်ကွက်ရှိ နေအိမ်တစ် အိမ်တွင် လူတစ်ဦးမူးယစ် ရမ်းကား ကာဆူ ပူသောင်း ကျန်းနေကြောင်း ပြည်သူအချို့ကမိုင်းယန်းရဲစခန်းသို့ အကြောင်းကြား ရာမှ မိုင်းယန်းရဲစ ခန်းမှစခန်း မှူး ဒုရဲမှူးထွန်း ဇံအောင် ခေါင်းဆောင်သည့်အဖွဲ့သည် အဆို ပါနေအိမ်သို့သွားရောက် ဖမ်းဆီးရာ မူးယစ်ရမ်းကားနေသူက အဖမ်းမခံ ဘဲ စခန်းမှူးဖြစ်သူ ဒုရဲမှူးထွန်းဇံအောင် နှင့်လုံးထွေးသတ်ပုတ်ထိုးကြိတ်ကြ ရာမှ နှစ်ဦးစ လုံးသွပ် မိုးပျဉ်ထောင် နှစ်ထပ် အိမ်ပေါ်မှပြုတ်ကျခဲ့ပြီး ဒုရဲ မှူးထွန်းဇံအောင် တွင် နှာခေါင်းနှင့် ၀ဲနားရွက်သွေးထွက်ပေါက်ပြဲဒဏ် ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင် စဉ်သေဆုံးသွားကြောင်း ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
မူးယစ်ရမ်းကားနေသူမှာ ချီး လည် ၄၄ နှစ်ဆိုသူဖြစ်ပြီး ၎င်းင်းကို မူး ယစ်ဆေးဝါးသုံးစွဲထားမှုရှိ၊ မရှိကို လည်းဆက်လက် စစ်ဆေးနေ သည်။
ယင်းနှင့်ပတ်သက်ပြီး ရှမ်းပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ် ဦးက " တရားခံကိုဖမ်းဆီးရင်း ဟိုက အသာတကြည် အဖမ်းမခံဘဲ ပြန် လည်ခုခံသတ်ပုတ်တဲ့အတွက် နှစ် ဦးစလုံး နှစ်ထပ်အိမ်ပေါ်ကပြုတ်ကျ ပြီး စခန်းမှူးသေဆုံးခဲ့တာပါ။ မူး ယစ်ရမ်းကားနေတဲ့သူကတော့ ထိခိုက် ဒဏ်ရာရတာသိပ်မရှိပါဘူး။ ဒါ့အ ပြင် မူးယစ်ရမ်းကားနေတဲ့သူကို လည်း မူးယစ်ဆေးဝါး သုံးစွဲ ထားမှုရှိ၊ မရှိစစ်ဆေးနေပါတယ်။ အခုသေ ဆုံးသွား တဲ့စခန်းမှူးက ဒီမိုင်းယန်း မှာ စခန်းမှူးတာဝန်ယူတာ သိပ်မ ကြာသေး ပါဘူး။ ခုလိုတရားခံဖမ်း ဆီးရင်းအသက်ဆုံးရှုံးရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့အရမ်းစိတ် မကောင်းဖြစ်ရပါတယ်။ မိုင်းယန်းရဲ စခန်းကမူးယစ် ရမ်းကားသူကို လူ သတ်မှုပုဒ်မနဲ့လတ်တလောအမှု ဖွင့်ထားပါတယ်" ဟု ဇွန်၂၉ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယင်းအမှုကိုမိုင်းယန်းရဲစခန်းမှ(ပ)၅/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စစ် ဆေးနေကြောင်း သိရသည်။

0 comments:

Post a Comment