ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.2.14

အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသားတင်ပြချက်ကို ဒီတပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ (ဆောင်းပါး)


၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။

ဟန်းဖုန်းကို ခေါင်းအုံးပြီး အိပ်ပါက ဦးနှောက်ကင်ဆာကို ဖြစ်စေနိုင်



လူတွေ တော်များများ ပြုလုပ်နေကျ အကျင့်တစ်ခုလို့ ဆိုရမှာပေါ့။ အဲဒါကတော့
အိပ်လို့ရှိရင် ဟန်းဖုန်းကို ခေါင်းအုံး၏ ဘေးမှာ ထားပြီး အိပ်ကြပါတယ်။
အလွန်ပင် အန္တရာယ် ကြီးပါတယ်။

တရုတ်အစိုးရတပ်နှင့် ပစ်ခတ်မှု အတွင်း အစ္စလာမ် စစ်သွေးကြွ ၁၁ ဦးသေ



Saturday, February 15, 2014

အစ္စလာမ် ခွဲထွက်ရေးလှုပ်ရှားသူတွေကို တရုတ်အစိုးရက တိုက်ခိုက်ချေမှုန်းမှုနေတဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသမှာ သံသယဖြစ်ဖွယ် စစ်သွေးကြွ ၈ ယောက်ကို တရုတ်ရဲတွေက ပစ်သတ်ခဲ့ပါတယ်။ နောက်ထပ် စစ်သွေးကြွ သုံးယောက်ဟာလည်း သူတို့ဘာသာ အသေခံဗုံးဖောက်ခွဲပြီး သေဆုံးခဲ့တဲ့အကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက သောကြာနေ့က ပြောပါတယ်။

မန္တလေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ အမေရိကန်ကုမ္ပဏီ တည်ဆောက်မည်



15-2-2014

မြန်မာနိုင်ငံတွင် ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ ဆောက်လုပ်ရန် အမေရိကန် ကုမ္ပဏီ တခုဖြစ်သည့် APR Energy PLC က ကန်ထရိုက်ရရှိသွားကြောင်း သိရသည်။

ထန်းတပင်မြို့ နယ်ရှိ လူမှုဖူလုံရေးတီဘီရောဂါကုဆေးရုံကြီးအား အထွေထွေရောဂါကုဆေးရုံအဖြစ်ပြောင်းလဲသွားမည်





ထန်းတပင်-ဖေဖော်ဝါရီ၁၅
ထန်းတပင်မြို့ နယ်ရှိလူမှုဖူလုံရေးတီဘီရောဂါကုဆေးရုံကြီးအား အထွေထွေရောဂါကုဆေးရုံအဖြစ်ပြောင်းလဲသွားမည်ဟုသိရသည်။
အဆိုပါဆေးရုံဝန်းအတွင်းခွဲစိတ်ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈း၂၅ မိနစ်အချိန်တွင် ပြုလုပ်ခဲ့သည်။

စိတ်ကြွဆေးပြားနှင့်ဘိန်းဆီခဲများ ဖမ်းဆီးရမိ



15-2-2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် အမှတ်(၁၇) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေးမြောက်)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပုလိပ်မြို့နေသူများဖြစ်သည့် မအိကျော်ဖူး (၂၂)နှစ်နှင့်မမေခိုင်ဇာအောင်(၂၈)နှစ်တို့ညီအစ်မနှစ်ဦးတည်းခိုနေသည့် မန်းမြန်မာအင်း၊ အခန်းအမှတ် (၁၀၂)သို့ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အခန်းအတွင်း၌ မအိကျော်ဖူး တို့အားတွေ့ရှိရပြီး ၎င်းတို့ထိုင်နေသည့်ကုတင်ပေါ်ရှိ မအိကျော်ဖူးပိုင် JQWEI မိန်းမကိုင်လက်ကိုင်အိတ် အတွင်း golla တံဆိပ်ပါအညိုရောင်ဖုန်းအိတ်အတွင်းမှ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀၀)ပြားပါ(၁)ထုပ်၊ အလေးချိန်(၁၀)ဂရမ်၊

အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်



15-2-2014

အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို ဥပဒေကြမ်းတစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပျော်ဘွယ်တွင် စာရေးဆရာ ၃ ဦးကို စာပေဟောပြောခွင့်ပိတ်



မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးက နာမည်ကြီး စာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မှာ စာပေဟောပြောခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။

ရဲတပ်ဖွဲ့ သေနတ်ကျည် မထွက်၍ ဒုချီးရားတန်း အကြမ်းဖက်မှု မတားဆီးနိုင်ဟု လူ့အခွင့်အရေး ကော်မရှင်ထုတ်ပြန်

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် လုံခြုံရေး ကင်းလှည့်တပ်ဖွဲ့ကို အကြမ်းဖက်ရန် လုပ်ဆောင်ချိန်တွင် ဟန့်တား ခြောက်လှန့် ပစ်ခတ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် သေနတ်များမှာ ကျည်မထွက်သဖြင့် အကြမ်းဖက်မှုကို တားဆီးမှု မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။