15.2.14

ပျော်ဘွယ်တွင် စာရေးဆရာ ၃ ဦးကို စာပေဟောပြောခွင့်ပိတ်



မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးက နာမည်ကြီး စာရေးဆရာ ၃ ဦးကို ပျော်ဘွယ်မှာ စာပေဟောပြောခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ပျော်ဘွယ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဦးဘုန်း (ဓာတု)နဲ့ ညီပုလေးတို့ ဟောပြောပါတယ်။

၆ ရက်နေ့မှာတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပျော်ဘွယ်မြို့နယ် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေကို ခေါ်ယူပြီး စာရေးဆရာတွေရဲ့ ဟောပြောချက်ဟာ ဗဟုသုတမပါသလို နိုင်ငံရေး ပါတီတွေအတွက် မဲဆွယ်ပေးတာ ဖြစ်တဲ့အတွက် ခွေထုတ်ခွင့်မပြုသလို နောက်နောင် ဒီစာရေး ဆရာ ၃ ဦးပါရင် စာပေဟောပြောပွဲ လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ သတိပေးချက်ကို စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုအောင်လှမျိုးက အခုလို ပြောပါတယ်။
သတင်း အပြည့်အစုံကို ဤနေရာတွင် ဖတ်ပါ ==>
http://www.phothutaw.com/2014/02/blog-post_5347.html

0 comments:

Post a Comment