15.2.14

စိတ်ကြွဆေးပြားနှင့်ဘိန်းဆီခဲများ ဖမ်းဆီးရမိ



15-2-2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် အမှတ်(၁၇) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေးမြောက်)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပုလိပ်မြို့နေသူများဖြစ်သည့် မအိကျော်ဖူး (၂၂)နှစ်နှင့်မမေခိုင်ဇာအောင်(၂၈)နှစ်တို့ညီအစ်မနှစ်ဦးတည်းခိုနေသည့် မန်းမြန်မာအင်း၊ အခန်းအမှတ် (၁၀၂)သို့ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အခန်းအတွင်း၌ မအိကျော်ဖူး တို့အားတွေ့ရှိရပြီး ၎င်းတို့ထိုင်နေသည့်ကုတင်ပေါ်ရှိ မအိကျော်ဖူးပိုင် JQWEI မိန်းမကိုင်လက်ကိုင်အိတ် အတွင်း golla တံဆိပ်ပါအညိုရောင်ဖုန်းအိတ်အတွင်းမှ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀၀)ပြားပါ(၁)ထုပ်၊ အလေးချိန်(၁၀)ဂရမ်၊

ငွေကျပ်(၇၀၀၀၀၀ိ/-)၊ ၀၉xxxxxxxxx နံပါတ်ပါ Samsung အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ မမေခိုင်ဇာအောင်ထံမှ ၀၉xxxxxxxxx နံပါတ်ပါ HUAWEI အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ စားပွဲပေါ်မှ ၀၉xxxxxx နံပါတ်ပါ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ ““မန်းမြန်မာအင်း””ရှေ့တွင်ရပ်ထားသည့် ၎င်းတို့ပိုင် 3G/xxxx ခဲစိမ်းရောင် MITSUBISHI ပါဂျဲရိုးကား အတွင်း၌ စိတ်ကြွဆေးပြားများနှင့်ဘိန်းဆီခဲများ
ရှိကြောင်းသိရသဖြင့်ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ Aungthanmardi အမည်ပါဖြူပြာကြားမိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ ပလပ်စတစ်အကြည်ဖြင့်ထုပ်ထားသည့်
ဘိန်းဆီခဲ(၃၀)ဂရမ်ခန့်ပါ(၁)ထုပ်၊ တန်ဘိုးငွေကျပ်(၁၃၅၀၀၀ိ/-)၊ မိုင်းကိုင်စက္ကူဖြင့်ထုပ်ထားသည့် ကမ္ဘာလုံး တံဆိပ်ပါအပြာရောင်ကပ်ခွာအိတ်အတွင်းမှ 88 နှင့် 1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၀၀)ပြားပါ (၁၁)ထုပ်၊ အလေးချိန်(၂၃၀)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၁၅၀၀၀၀၀ိ/-)၊ ၎င်းတို့စီးနင်းလာသည့် ၂ယ/xxxx နံပါတ်ပါ New Anbo အမျိုးအစားအစိမ်းပုပ်ရောင်ဆိုင်ကယ်တစ်စီးတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်နေ ဇော်မင်းထိုက်(ခ)ရှမ်းလေး(၃၃)နှစ်ထံမှဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ဇော်မင်းထိုက်၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့သည်။ ယင်းသို့ရှာဖွေရာ ဇော်မင်းထိုက်အားနေအိမ်ရှေ့တွင်တွေ့ရှိရပြီး နေအိမ်အိပ်ခန်း အတွင်းမှ 88 တံဆိပ်ပါ ရှမ်းစက္ကူအပိုင်းအစ(၁)ခု၊ ဆေးပြားရှူရာတွင်အသုံးပြုသည့် ၃ ပေခန့်ရှည်သော ခဲစက္ကူလိပ်(၁)လိပ်၊ 8G/xxxx ဂျစ်ကား(၁)စီး၊ ၀၉xxxxxနံပါတ်ပါ HUAWEI အမျိုးအစားအဖြူရောင် ဖုန်း(၁)လုံးတို့အား ဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် အိကျော်ဖူး၊ မေခိုင်ဇာအောင်နှင့်
ဇော်မင်းထိုက်တို့(၃)ဦးအား မန္တလေးအမှတ်(၃)နယ်မြေရဲစခန်းမယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
oppositeeyes
စိတ်ကြွဆေးပြားနှင့်ဘိန်းဆီခဲများ ဖမ်းဆီးရမိ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် အမှတ်(၁၇) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေးမြောက်)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ ပုလိပ်မြို့နေသူများဖြစ်သည့် မအိကျော်ဖူး (၂၂)နှစ်နှင့်မမေခိုင်ဇာအောင်(၂၈)နှစ်တို့ညီအစ်မနှစ်ဦးတည်းခိုနေသည့် မန်းမြန်မာအင်း၊ အခန်းအမှတ် (၁၀၂)သို့ သက်သေများနှင့်အတူဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ အခန်းအတွင်း၌ မအိကျော်ဖူး တို့အားတွေ့ရှိရပြီး ၎င်းတို့ထိုင်နေသည့်ကုတင်ပေါ်ရှိ မအိကျော်ဖူးပိုင် JQWEI မိန်းမကိုင်လက်ကိုင်အိတ် အတွင်း golla တံဆိပ်ပါအညိုရောင်ဖုန်းအိတ်အတွင်းမှ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၀၀)ပြားပါ(၁)ထုပ်၊ အလေးချိန်(၁၀)ဂရမ်၊ ငွေကျပ်(၇၀၀၀၀၀ိ/-)၊ ၀၉xxxxxxxxx နံပါတ်ပါ Samsung အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ မမေခိုင်ဇာအောင်ထံမှ ၀၉xxxxxxxxx နံပါတ်ပါ HUAWEI အမျိုးအစားအနက်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ စားပွဲပေါ်မှ ၀၉xxxxxx နံပါတ်ပါ HUAWEI အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ ““မန်းမြန်မာအင်း””ရှေ့တွင်ရပ်ထားသည့် ၎င်းတို့ပိုင် 3G/xxxx ခဲစိမ်းရောင် MITSUBISHI ပါဂျဲရိုးကား အတွင်း၌ စိတ်ကြွဆေးပြားများနှင့်ဘိန်းဆီခဲများ ရှိကြောင်းသိရသဖြင့်ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ Aungthanmardi အမည်ပါဖြူပြာကြားမိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ ပလပ်စတစ်အကြည်ဖြင့်ထုပ်ထားသည့် ဘိန်းဆီခဲ(၃၀)ဂရမ်ခန့်ပါ(၁)ထုပ်၊ တန်ဘိုးငွေကျပ်(၁၃၅၀၀၀ိ/-)၊ မိုင်းကိုင်စက္ကူဖြင့်ထုပ်ထားသည့် ကမ္ဘာလုံး တံဆိပ်ပါအပြာရောင်ကပ်ခွာအိတ်အတွင်းမှ 88 နှင့် 1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၂၀၀)ပြားပါ (၁၁)ထုပ်၊ အလေးချိန်(၂၃၀)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၁၅၀၀၀၀၀ိ/-)၊ ၎င်းတို့စီးနင်းလာသည့် ၂ယ/xxxx နံပါတ်ပါ New Anbo အမျိုးအစားအစိမ်းပုပ်ရောင်ဆိုင်ကယ်တစ်စီးတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများအား ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်နေ ဇော်မင်းထိုက်(ခ)ရှမ်းလေး(၃၃)နှစ်ထံမှဝယ်ယူခဲ့ကြောင်းသိရှိရသဖြင့် ဇော်မင်းထိုက်၏နေအိမ်သို့ သွားရောက်ရှာဖွေခဲ့သည်။ ယင်းသို့ရှာဖွေရာ ဇော်မင်းထိုက်အားနေအိမ်ရှေ့တွင်တွေ့ရှိရပြီး နေအိမ်အိပ်ခန်း အတွင်းမှ 88 တံဆိပ်ပါ ရှမ်းစက္ကူအပိုင်းအစ(၁)ခု၊ ဆေးပြားရှူရာတွင်အသုံးပြုသည့် ၃ ပေခန့်ရှည်သော ခဲစက္ကူလိပ်(၁)လိပ်၊ 8G/xxxx ဂျစ်ကား(၁)စီး၊ ၀၉xxxxxနံပါတ်ပါ HUAWEI အမျိုးအစားအဖြူရောင် ဖုန်း(၁)လုံးတို့အား ဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် အိကျော်ဖူး၊ မေခိုင်ဇာအောင်နှင့် ဇော်မင်းထိုက်တို့(၃)ဦးအား မန္တလေးအမှတ်(၃)နယ်မြေရဲစခန်းမယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

 oppositeeyes

0 comments:

Post a Comment