15.2.14

ဗာဂျီးနီးယား ပြည်နယ်၏ လိင်တူလက်ထပ်မှု တားမြစ်ထားခြင်းကို ပြည်နယ်ဗဟို တရားရုံးမှ ပယ်ဖျက်


Saturday, February 15, 2014

ဗာဂျီးနီးယားတွင် လိင်တူချင်း လက်ထပ်မှုကို တားမြစ်ထားခြင်းသည် အခြေခံ ဥပဒေနှင့် ညီညွှတ်မှု မရှိကြောင်းကို ဗဟို တရားရုံးမှ ကြာသပတေးနေ့ ညနေခင်းတွင် ကြေငြာခဲ့သည်။ တောင်ပိုင်းတစ်လျှောက်တွင် တည်ရှိနေသော လိင်တူချင်း လက်ထပ်မှု ဥပဒေကို တရားဝင် ဆန့်ကျင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

“ လူသားအားလုံးဟာ တူညီမှု ရှိတယ်လို့ ကျွန်တော်တို့ရဲ့ ဖွဲစည်းပုံ အခြေခံ ဥပဒေက ကြေငြာထားပါတယ်။ ကျွန်တော်တို့ အားလုံးကို အသေအချာပဲ ဆိုလိုထားတာပါ ” ဟု ဗာဂျီးနီးယား အရှေ့ပိုင်းခရိုင် နော့ဖို့ရှိ အမေရိက ပြည်နယ်တရားရုံးမှ တရားသူကြီး အာရင်ဒါ အယ်လ်ရိုက် အလန်မှ ပြောဆိုခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဗာဂျီးနီးယားမှ အတည်ပြုခဲ့သည့် ဥပဒေကို ဆန့်ကျင် ပြောင်းလဲခဲ့သည့် တရားရုံးမှ တစ်ခြား ပြည်နယ်များတွင် တရားဝင် အတည်ပြုထားသော လိင်တူ လက်ထပ်မှုအား ဗာဂျီးနီးယား ပြည်နယ်အနေဖြင့် လေးစားသင့်ကြောင်းလည်း ပြောဆိုခဲ့သည်။

သို့ရာတွင် လိင်တူ လက်ထပ်ခြင်းအား ဆန့်ကျင်သူများသည် ၎င်းဆုံးဖြတ်ချက်ကို ဗာဂျီးနီးယား ပြည်နယ် ရစ်ခ်ျမွန်ရှိ စတုတ္ထအဆင့် အယူခံ တရားရုံးတွင် အယူခံ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ အကယ်၍ အယူခံ တရားရုံးမှ ကြာသပတေးနေ့ ဆုံးဖြတ်ချက်ကို ထောက်ခံသွားလျှင် တောင်ပိုင်းဒေသများ၌ ပဲ့တင်ထပ်မှုများ ကျယ်ပြန့်သွားဖွယ် ရှိသည်။ မြောက်ပိုင်း ကာရိုလိုင်းနား၊ တောင်ပိုင်း ကာရိုလိုင်းနားနှင့် အနောက် ဗာဂျီးနီးယားများရှိ စတုတ္ထအဆင့် တရားရုံးများ တွင်လည်း လက်ထပ်ထိမ်းမြားခြင်း ကန့်သတ်ထားမှုကို ပယ်ဖျက်သွားဖွယ် ရှိသည်။ တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သော မေရီလန်းတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုအား ၂၀၁၂ ခုနှစ်က ခွင့်ပြုခဲ့သည်။

သို့ရာတွင် ပြည်နယ်များရှိ တရားရုံးများ၏ ဆုံးဖြတ်ချက်ကို အငြင်းပွားလိုသူများသည် နိုင်ငံ၏ အထူးတရားရုံးသို့ ဆက်လက် တင်ပြသွားနိုင်ကြောင်း တရားရေးရာ ကျွမ်းကျင်သူများမှ ထင်မြင်ချက် ပေးခဲ့ကြသည်။ ယမန်နှစ်က လက်ထပ်ထိမ်းမြားခြင်း ကာကွယ်မှု အက်ဥပဒေကို ပြောင်းလဲရန် အတွက် အထူးတရားရုံး အနေဖြင့် လိင်တူလက်ထပ်ခြင်း တရားဝင်သော ပြည်နယ်များကို ဗဟိုအစိုးရ၏ အသိအမှတ်ပြုမှု၊ လိင်တူ လက်ထပ်မှုကို တားမြစ်ခြင်းမှာ တရားမျှတမှုမရှိဟု တရားရုံး အများစုမှ သဘောတူညီမှု တို့ကို လိုအပ်ခဲ့သည်။ အခြား ဆုံးဖြတ်ချက် တစ်ခုတွင် ကာလီဖိုးနီးယား ပြည်နယ်၏ လိင်တူ လက်ထပ်မှု တားမြစ်ခြင်းကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

ဗာဂျီးနီးယား၏ လိင်တူလက်ထပ်မှု တားမြစ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက် အခန်း ၈ မှ တူညီသော ကာကွယ်ပေးမှုကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်းကို တရားသူကြီးမှ လေးနက်စွာ ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်တွင် ထပ်မံပေါင်းစပ်မှု အနေဖြင့် “ ကျွန်မတို့ ပြည်သူလူထုဟာ ပိုမို ပါဝင်ပတ်သက်မှု ရှိလာပြီး ကျွန်မတို့ရဲ့ လွတ်လပ်မှုဟာလည်း ပိုမိုပြီး ပြည့်စုံလာတဲ့ သမိုင်းရဲ့ အထိမ်းအမှတ် အခြေအနေတစ်ခုကို ကျွန်မတို့ ရောက်ရှိနေပါပြီ။ ” ဟု လည်း ရေးသားခဲ့သည်။

REF: The NewYork Times
The Myanma Age

0 comments:

Post a Comment