15.2.14

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီ



15-2-2014

တစ်ကိုယ်တော် အခွေအတွက် ကတော့ ညီမက အသံအားနည်းတော့ ယုံကြည်မှု အပြည့်အဝ မရှိသေးပါဘူး ဟန်သီဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့
အခု အချိန်မှာ ပန့်(ခ်) ပုံစံ အဝတ်အစား ဒီဇိုင်းတွေကို ကြိုက်နေပါတယ် ဆိုတဲ့ မော်ဒယ်ဟန်သီက လတ်တလော မှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာကြော်ငြာတွေ ရိုက်နေ ပါတယ်။


Miss ပြိုင်ပွဲတွေနဲ့ ပတ်သက်လို့ ဝင် မပြိုင်ဖြစ်သေးဘူးဆိုတာ ညီမ
အသက်နဲ့ မမီတဲ့ပြိုင်ပွဲတွေ ဖြစ်နေလို့ ပါ။ တစ်ကိုယ်တော် အခွေ စီစဉ်နေ တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ထွက်နိုင်ဖို့ဝေးပါ သေးတယ်။ အသံ ပိုင်း ဆိုင်ရာနဲ့ ပတ်သက်လို့ ဆရာခိုင် မြဲသာဆီမှာလည်း သင်တန်းတက်ပြီး သွားပါပြီ။

သီချင်းဆိုတယ် ဆိုတာ Miss တစ်ယောက်ဖြစ်ပြီးမှ ဝါသ နာပါတာ မဟုတ်ပါဘူး။ ငယ်ငယ် လေးကတည်းက သီချင်းဆိုတာ ဝါ သနာပါတာပါ။ အခုမှ လုပ်ရမယ့် အခွင့်ကြုံ လာတယ် ဆိုရမှာပေါ့။ တစ် ကိုယ်တော် အခွေအတွက်ကတော့ ညီမက အသံအားနည်းတော့ ယုံ ကြည်မှု အပြည့်အဝ မရှိသေးပါဘူး။ အဲဒီအတွက် Featuring တွေအ များကြီးခေါ်ဆိုဖြစ်မယ် ထင်ပါတယ်။ သီချင်းပုံစံတွေ ကတော့ ညီမအသံနဲ့ လိုက်မယ့် R & B ပုံစံတွေ ပါမယ်။

စာမေးပွဲနီး လာတော့ အနု ပညာအလုပ် တွေကို အချိန်ကန့် သတ်ပြီးလုပ် နေပါတယ်။ English ကျောင်းဆိုတော့ စာလည်းအများ ကြီးမကျက်ရဘူး ဆိုတော့ သိပ်ပြီး ဖိအားမရှိပါဘူး။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ သေချာမသိ ပေမယ့် သရုပ်ဆောင်အပိုင်းကိုပါ လုပ်မှာပါ။ အဓိက လုပ်ဖြစ်မှာတော့ သရုပ်ဆောင်ပိုင်းပါ။ ပရိသတ်ကြီးနဲ့ အရမ်းခင်ချင် ပါတယ်။ ညီမကိုလည်း အားပေးရင်းနဲ့ အကြံပြု စကားတွေ ရှိရင်လည်း အကြံပြုနိုင် ပါတယ်။ အ ကောင်းဆုံးဖြစ်အောင်ကြိုးစား နေပါ တယ်။ ပရိသတ်ကြီးလည်း အားပေး နေပါလို့ပြောချင် ပါတယ်။

8 DAYS

1 comment: